ဘုန်း အိမ်ပြန်ရောက်ရောက်ခြင်း ခရီးဆောင်အိတ်ကို ဧည့်ခန်းထဲတွင်ပဲ ထားပစ်ခဲ့ပြီး စိတ်၏စေရာကို မလွန်ဆန်နိုင်တာကြောင့် သာ့အခန်းတံခါးကိုဖွင့်ပြီး အထဲကိုဝင်လိုက်သည်။ သူသွားတာ၃လကျော် ၄လနီးပါးမို့ မတွေ့တာကြာသည့် သူမကိုအရမ်းတွေ့ချင်နေတာပင်။ ခြေသံကိုဖွဖွလှမ်းပြီး သာ့ကုတင်ဘေးက ထိုင်ခုံလေးမှာထိုင်လိုက်ပြီး သာ့ကို ငေးစိုက်ကြည့်လိုက်သည်။ သာက ဘာမှမပြောင်းသွားပေ။ ဝလည်းမဝလာ ပိန်လည်းမပိန်ပါ။ ကြည့်ရင်းနဲ့သူမလေးက ချွေးတွေပြန်လာတာမို့ airconကို အပူချိန်လျှော့လိုက်ပေမယ့် ငြိမ်မသွားပဲ လွန့်လူးလို့နေသည်။
"သာ အိပ်မက်ဆိုးမက်နေတာလား သာ"
ဘုန်းလည်း နဖူးစပ်ကချွေးတွေကိုသုတ်ပေးပြီး ဆံပင်လေးသပ်ပေးနေလိုက်ပေမယ့်
"အဟင်း ကြောက်တယ် "
ဆိုပြီး လူလွန့်လာပြန်တယ်။
"သာကိုယ်ရှိတယ် မကြောက်နဲ့နော်"
ဆိုပြီး ဘုန်းပြောလို့သိပ်မကြာဘူး။
"အာာာားးးးးးးားးးး"
ဆိုတယ့် အသံနက်ကြီးနဲ့ အော်လိုက်တာကြောင့် ဘုန်းမဖြစ်တော့ဘူးဆိုပြီး သာ့ကို နိုးအောင် လုပ်ရတော့သည်။ သေချာသည် ရုန်းထွက်မရတယ့် အိပ်မက်နွံထဲနစ်နေတာပဲ။
"သာ သာ " သာ့ပခုံးလေးကိုဆက်ခနဲလှုပ်လိုက်ပြီးထူးတော့
"အင့်"ဆိုပြီး သာက နိုးလာကာ အနီးနားရှိ သူ့ကို ဖက်လိုက်ပါသည်။ ဘုန်းကလည်း သာအရမ်းကြောက်နေမှာကိုသိတာကြောင့် ကျောလေးကိုပုတ်ပေးပြီး
"သာမကြောက်နဲ့တော့နော် ကိုယ်ရှိတယ် "
"အင့် အရမ်းကြောက်ဖို့ကောင်းတာပဲ အင့် "
"မကြောက်နဲ့တော့နော် မငိုနဲ့တော့ "
ဘုန်းကချော့ပြီးပြောတော့ သာက တအင့်အင့်ရှိုက်နေရာမှ ရပ်သွားပြီး
သူ့ရင်ခွင်ထဲမှရုန်းထွက်ကာ
"ဘုန်း ဘုန်းလား"
"အင်းကိုယ်ပါ"
ထိုအခါသာက သူ့ပုခုံးကို ဖြောင်းခနဲရိုက်ပြီး
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...