58.

1.2K 51 3
                                    

"လာ ဒီမှာထိုင်စမ်း"

သာဝင်ထိုင်လိုက်တော့

"ငါကတော့ငါ့မြေးလေးတော်လှတော်လှနဲ့ဟမ် ဘယ်အဝေးကလူကိုသွားကြိုက်ရတာတုန်း"

"ဟမ် ဖွားကလည်းသူကအဝေးကမဟုတ်ပါဘူး ဒီမန္တလေးကပဲကို ပြီးတော့..."

သာ့ရဲ့လျှောက်လွှဲချက်တွေကိုအဖွားက

"တော်စမ်း ငါသူ့ကိုစိတ်မဝင်စားဘူး "ဟူသောစကားနဲ့ပိတ်ပစ်လိုက်သည်။ သာစိတ်ဝင်စားဖို့ပဲလိုတာကိုဖွားကလည်း ဟုစိတ်ထဲကသာတွေးနေမိသည်။

"မြေးသူ့ကိုချစ်တာလား .."

အဖွားကလေသံပြန်ပျော့သွားကာမေးလာသည်မို့သာခေါင်းသွက်သွက်ညိတ်လိုက်သည်။

"ဟုတ် ဖွား သူလဲသာ့ကိုအရမ်းချစ်..."

"ငါသူ့အကြောင်းမသိချင်ပါဘူးဆို."

ပိတ်အော်လိုက်တယ့်ဖွားစကားမှာသာ့မှာ ပါးစပ်ကိုအလျင်မြန်ပိတ်လိုက်ရသည်။

"ဟင်း.."

ငြိမ်သက်နေသောအခန်းထဲမှာဖွားရဲ့သက်ပြင်းချသံကကြီးစိုးသွားသည်။

"ဖွားမြေးကိုပွင့်ပွင့်လင်းလင်းပဲမေးတော့မယ် သားဘုန်းအပေါ်မြေးဘယ်လိုမှမခံစားရဘူးလား"

ဘုရားရေ ။ ဘာတွေဖြစ်နေတာလဲ။ သာ့ကမ္ဘာကြီးပြောင်းပြန်လည်နေတာတော့မဟုတ်ဘူးမလား။

"အာ ဖွားကလည်းပေါက်ပေါက်ရှာရှာ သာနဲ့ဘုန်းက သူငယ်ချင်းတွေလေဘာခံစားရမှာလဲ"

သာ့အပြောကိုအဖွားက ခေါင်းကို တစ်ချက်ခေါက်လိုက်ပြီး

"တုံးလိုက်တာမြေးရယ် ဟမ် အမှန်ဆိုဒါတွေကမြေးအမေလုပ်ရမယ့်အလုပ် သူ့မလဲ ယောက်ျားနားပဲကပ်နေရတာ ဟင်း .."

သာ့စိတ်ထဲတွင်တော့ တခုခုမှားနေပြီလို့ခံစားနေရ၏။

"ဖွားသိတယ် မြေးနဲ့ဘုန်းအတူနေနေတယ်ဆိုတာကို"

"ရှင်!"

"ဟုတ်တယ် ပြောရရင် ဒါလည်းဖွားစီစဥ်ထားတာပဲ ဒီအိမ်က သားဘုန်းရဲ့အိမ်လေ တကယ်တော့ ဖွားကိုသူ့ခမျာလာခွင့်တောင်းရှာတယ်  မြေးလေးနဲ့သဘောတူဖို့ရယ် ပြီးတော့ မြေးကိုသူသဘောကျနေကြောင်းကော သူ့အဒေါ်တွေနဲ့ရော အားလုံးစီစဥ်ပြီးတော့မှ ​မြေးက ဒီရောက်လာတာ"

A mysterious love story (Completed)Where stories live. Discover now