🖤ပဟေဠိဆန်သောချစ်ခြင်းသွယ်🖤
အပိုင်း(၂၀)
အပြန်လမ်းတခုလုံးတိတ်ဆိတ်နေတာ အိမ်ရောက်သည်အထိပင်။ဘယ်လိုဖြစ်လို့ဒီအခြေနေကြီး။ဘုန်းဟာနားလည်ရခက်လိုက်တာ။ မျက်နှာကြီးက တင်းလိုက်တာ ကျောက်ပျဥ်နဲ့ထုခွဲရင်တောင်မကွဲလောက်ဘူး။
"ဟဲ့ ဘုန်း ဘာကိစ္စနောက်ကျနေတာလည်း"
အိမ်ရောက်တော့မှမေးလိုက်တော့လည်း သူက
"နောက်ကျနေတာမကောင်းဘူးလား"
အခုထိမျက်နှာကြောကကြောက်စရာ"နင်ဘယ်လိုပြောလိုက်တာလည်း ငါ"
"ကိစ္စရှိလို့နောက်ကျသွားတာ "
တိုတိုပြတ်ပြတ်ပြောပြီး သူ့အခန်းသို့ဝင်သွားလေ၏။သာ့မှာသာတစ်ယောက်ထဲ။ အေးလေ သူလည်းကိစ္စရှိဦးမှာပေါ့ ဒါမယ့်ပြောသွားတာကြီးကလည်း။
သာနောက်နေ့ကစပြီးဆုံးဖြတ်လိုက်တာ ကားတစ်စီးမြန်မြန်ဝယ်မယ်လို့ပင်။
"ဟဲ့ စားမလား"
ညရောက်တော့ Relexအနေနဲ့tvကြည့်ချိန်မှာ အေးစက်တည်နေတယ့်သူ့ကို စကားစတယ့်အနေနဲ့ လက်ထဲက အာလူးကြော်ဘူးကိုကမ်းပေးလိုက်သည်။
ထင်သလိုသူကတုန့်ပြန်မလာတော့ သာ့စိတ်က ရိုးတိုးရွတဖြစ်လာပြီ။"ဘုန်း နင်ဘာဖြစ်နေတာလည်း"
"မဖြစ်ပါဘူး"
လေသံက ရေခဲတိုင်းပဲ။ပုံမှန်ဒီတိုင်းမှမဟုတ်တာ။
"ငါ သဘက်ခါ ကားShowroomသွားမို့ လိုက်ခဲ့ပေးမလား"
သူက သာ့ဘက်ခေါင်းလှည့်လာပြီးတချက်ကြည့်ကာ
"အေးပေါ့ ခုတော့ငါ့ကိုမလိုတော့ဘူးလေ "
"ဟမ် ဘာကြီး ဘာကိုလဲ နင့်ကိုလိုလို့ အဖော်ခေါ်နေတာလေ"
"ဒါပဲမလား လိုက်ပို့ပေးမယ်"
💮💮💮
အခုဆို ကိုသြရှနဲ့သာနဲ့အတူလက်တွဲလုပ်နေတာ ၂ပါတ်ပင်ရှိပြီဖြစ်သည်။လူကြီးလူကောင်းဆန်သော ကိုသြရှက ခန့်ညားလှပလွန်း၍ တခါတခါ သာ့ကိုသာပင် သံသယဖြစ်မိသည်။တကယ်ဆို ၂ပါတ်ထဲနဲ့ယောက်ျားတစ်ယောက်ကိုမကြွေသင့်ဘူးမလား ။သာ့အသက်ကလည်းမငယ်တော့ ၂၅ပင်ပြည့်တော့မည်။ အခုတလော သာ့အိပ်မက်တွေက ရက်ဆက်မက်လာသည်။ သာမေ့နေတယ့် မှတ်ဉာဏ်တပိုင်းတစက တကယ်ပဲအဲ့တာလားဟုပင်သာ့ကိုသာသိချင်မိသည်။ပြီးတော့တခါမှမမြင်ဘူးသည့်ပန်းများပို့နေသောသြဇာကောင်းဆိုသည့်သူကလည်း သာ့အတွက်ပဟေဠိပင်။ ဒီနေ့ ကားက ဘီးပေါက်နေ၍ဝပ်ရှော့အပ်ခဲ့ရလို့ သာလမ်းလျှောက်ပြန်ဖို့ပဲစိတ်ကူးလိုက်မိသည်။အိမ်နဲ့လည်းသိပ်မှမဝေးတော့တာ။တခါတလေ relaxဖြစ်အောင်နာရီဝက်လောက်လမ်းလျှောက်တာလည်းတမျိုးကောင်းပါတယ်လေ။
YOU ARE READING
A mysterious love story (Completed)
Roman d'amourငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...