🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤
အပိုင်း(၅)
ရင့်ခက် ကောင်းပြောထားသည့်ကိစ္စကို အကောင်ထည်ဖော်ဆောင်ရွက်ရန် လုပ်ရဦးပေမည်။ပထမဦးစွာ ဦးရာဇာ၏ အတွင်းရေးမှူးထံ ဆက်သွယ်လိုက်သည်။အတွင်းရေးမှူး တေဇနှင့်က အလုပ်အကိုင်သဘောရ တွေ့ဆုံဖူးသည့်အပြင် ပါတီတွင်လည်း ရင်းနှီးထားသဖြင့် ph .noက ရင့်ခက်ဆီရှိနေသည်။
"Hello "
"ဟုတ်ကဲ့ အမိန့်ရှိပါ ခင်ဗျ"
"ကိုတေဇ လားမသိဘူးရှင်"
"ဟုတ်ကဲ့ ခင်ဗျ အခုပြောနေတာ တေဇပါ"
"သြော် ကိုတေဇ ရင့်ခက်ပါ မှတ်မိရဲ့လားမသိဘူး ဟိုနေ့က ပါတီမှာ ထပ်ဆုံဖြစ်သေးတယ်ရှင့်"
"အာ မမှတ်မိဘဲနေပါ့မလား ရင့်ခက်ရာ မိတ်ဆွေတွေပဲ။ ရင့်ခက် အခု ကိုယ့်ဆီဖုန်းဆက်တာ ကိစ္စများရှိလို့လား "
"ဟုတ်ကဲ့ ကိစ္စတစ်ခုရှိတာတော့ မှန်ပါတယ် ကိုတေဇ"
"ပြောလေရင့်ခက် ကိုယ်ဘာကူညီပေးရမလဲ "
"ဟို ရင့်ခက် ကိုတေဇကို ကော်ဖီသောက် ဖိတ်ချင်ပါတယ် အဲ့ကျမှ ပြောမယ်လေ ကိုတေဇ အချိန်ရှိရဲ့လား ဟင် "
"အင်း ၄ နာရီလောက်ကျ ရင်တော့ ကျွန်တော်အားပါတယ် အဆင်ပြေရဲ့လားရင့်ခက်"
"ပြေတာပေါ့ရှင် ရင့်ခက်က ကိုတေဇ လက်ခံတာကိုပဲ ဝမ်းသာပါတယ်ရှင် ဒါဆို ရင့်ခက်တို့ စိမ်းလန်းမြေမှာ၄နာရီ တွေ့တာပေါ့"
"Ok ကိုယ်ph ချလိုက်တော့မယ်နော်"
ရင့်ခက် ခြေတစ်လှမ်းတော့ အောင်မြင်သွားပြီ။ကိုတေဇဆီက ဦးရာဇာ ph.noလောက်တော့ ရကောင်းပါတယ်။ပြီးတော့ ကိုတေဇက ဦးရာဇာ၏ တူဆိုလည်းမမှားပေ။AZK companyနဲ့ပူးပေါင်းရင် အကျိုးမယုတ်ဘူးဆိုတာလည်း စီးပွားရေးသမားခြင်းမို့ သိမည်ပင်။
'ကောင်းရယ် နင့်အကျိုးစီးပွား အောင်မြင်အောင် ရင့်ခက် ကူညီပေးမှာပါ။နင်စိတ်ချမ်းသာရင် ငါပျော်ပါတယ်ဟာ '
ရင်ထဲမှ ခံစားချက်တို့နှင့်အတူ မျက်နှာထက်၌ အပြုံးချိုချိုတို့ဖြင့် လွှမ်းမိုးသွားသည်။ကျူးရင့်ခက်ဆိုသောသူမက စီးပွားရေးလုပ်ငန်းရှင်တိုင်းလိုချင်သော စက္ကထရီ တစ်ယောက်ဆိုရင်မမှားပေ။သူမကိုယ်တိုင်လည်းကိုယ်ပိုင်လုပ်ငန်း ထူထောင်နိုင်ရက်နဲ့ သြဇာကောင်းဆိုသော သူမ၏ အချစ်ဦးငယ်သူငယ်ချင်းလေးထံတွင်သာ စက္ကထရီ အလုပ်အားလုပ်ကိုင်ပေသည်။အပြုံးချိုပြီး ဝန်ထမ်းအားလုံးနှင့်အဆင်ပြေသည့်အပြင် ဆက်ဆံရေးကောင်းမွန်သဖြင့်လည်း အားလုံးက ချစ်ကြသည်။ဘာသာစကား၆မျိုးလောက်တတ်ပြီး ထူးချွန်သည့်သူမ အတွက် ဒီအလုပ်က ဝါသနာပင်။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...