🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤
အပိုင်း(၁၄)
"ဟဲ့ သာ နင့်လက်ထဲက ပုံးကြီးက ဘာလုပ်ဖို့လဲ မြင်မကောင်းဘူး ပေး ငါသယ်ပေးမယ်"
ကြည့်ဦးလေ။ကိုယ်က လာကြိုတာ smartကျကျ ။
ထွက်လာတယ့်ဝန်ထမ်းတွေကလည်း ရုံးဝတ်စုံနဲ့ဆွဲခြင်းလေးတွေကိုယ်စီနဲ့smartကျကျ။ဒီကြားထဲမှာ GMမမကြီးက ဆွဲခြင်းကိုတစ်ဖက်ကဆွဲ။ပုံးအကြီးကြီးကတစ်ဖက်မှာပွေ့ပြီး ဗရမ်းဗတာ။ဒီကြားထဲစီးထားတာက high heel ။တော်ပါသေးရဲ့ ဘောင်းဘီပဲဝတ်ပေလို့ပေါ့။မတော် စကပ်တုပ်ပြီးလဲမှဖြင့် ..ဟားဟား ။။ ဘုန်းကိုယ့်အတွေးနဲ့ကိုယ် ရီမိသည်။"အဟင်း ကျေးဇူးပဲ ဘုန်းရယ် "
"နေစမ်းပါဦး သာရဲ့ နင့်ပုံးက မလေးပါလား။မှန်းစမ်းအထဲမှာဘာပါလို့လဲ"
ဘုန်းကတ်ထူပုံးကိုဖွင့်ကြည့်မလို့လုပ်တော့ သာကအလျင်အမြန်ပင်
"ဟင့်အင်း မကြည့်နဲ့နော် ..အဟင်း"
ရုတ်တရက် ပုံးပေါ်လက်တင်ပြီးတားလည်းတား ဘေးဘီလည်းဝေ့ကြည့်ကာ သူ့ကို သွားဖြီးပြီးပြောလာသည့်သာ့ကိုကြည့်ပြီး နည်းနည်းတော့ စိတ်ဝင်စားရသည်။ဒီပုံးထဲမှာဘာပါလို့ ဒီလောက်မူပျက်နေရတာပါလိမ့်။
"သာ နင် မဟုတ်မှ"
"ဟမ် မဟုတ်မှ"
မျက်လုံးကြီးပြူး လက်ညှိုးကြီးထိုးပြီးပြောလာသည့်ဘုန်းကိုကြည့်ကာသာပင် သံယောင်လိုက်ရွတ်မိသည်။
"မဟုတ်မှ သာ နင် "
ပြောမလားစောင့်နေသော်လည်း မျက်လုံးကြီးပြူးပြီးစကားထွက်မလာ၍သာစိတ်မရှည်ချင်တော့
"အာ ဘုန်းလက်ျာ နင် ပြောမလားမပြောဘူးလား ငါစိတ်မရှည်တော့ဘူးနော်"
"ပြောပါမယ်ဟာ နင် ဒီထဲမှာ ရုံးကလူတွေမသိစေချင်တယ့်လျှို့ဝှက်ပစ္စည်းတွေဘာတွေပါတယ်မလား ဥပမာ ငှင်းငှင်း"
လူယုတ်မာအသံနဲ့ပြောနေတော့
"အေး ဟုတ်တယ် ရုံးကလူတွေမသိစေချင်တယ့်ဟာတော့ပါတယ် ဘာလည်းဆိုတာတော့ အိမ်ရောက်မှကြည့်တော့ မောင်းမြန်မြန် တကတည်းကိုဟွန်း "
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...