ဘုန်းနဲ့သာတို့ရဲ့ အကြင်လင်မယားအဖြစ်မှာ ၁လပြည့်မြောက်သွားပြီး သာတို့ မြန်မာပြည်ပြန်ဖို့ရာဖြစ်လာသည်။
သာတို့ရဲ့ပထမဆုံး မင်္ဂလာဦးညကိုမှတ်မိနေသေးသည်။ ထိုနေ့က ပုံမှန်ပေါ့ပေါ့ပါးပါးနေ့တစ်နေ့ပဲဖြစ်ပြီး အဲ့လိုဖြစ်သွားမယ်လို့ သာမျှော်မလင့်ထားမိခဲ့ပါ။ ဒါတွေအားလုံး alcoholကြောင့်လို့ပြောလို့ရသလား။
သာတို့အနမ်းတွေပြင်းထန်ခဲ့ကြသည်။နီရဲနေသော သူ့မျက်နှာကိုကိုင်ကာ သာသူ့အောက်ကနေ ခေါင်းညိတ်ပြခဲ့သည်။ ထို့နောက် သာမတွေ့ကြုံဖူးသော အတွေ့နယ်ထဲသို့ သူ့ဦးဆောင်မှုနဲ့ ညင်ညင်သာသာပဲ ရောက်ရှိသွားခဲ့သည်။
တကယ်တမ်းဖြစ်ပြီးတော့လည်း လင်မယားဆိုတယ့်အသိနဲ့ သူ့အပေါ်အရင်ကလောက် မစိမ်းသက်တော့တာ သာဝန်ခံသည်။ မောင့်ကိုချစ်နေတုန်းပဲလို့ထင်ပေမယ့် ဘုန်းကိုလည်းသာ ဘယ်လိုပြောရမှန်းမသိလောက်အောင်ခံစားချက်တချို့ဖြစ်သည်။ ဥပမာ ညဘက်တွေအလုပ်မပြီးသေးတယ့်သူ့ကြောင့် အိပ်မပျော်တာမျိုးတွေ ၊ အေးလှသော ရာသီဥတုမှာ အခန်းအပူချိန်ဖွင့်ထားရင်တောင် သူဖက်အိပ်တယ့်နေ့မျိုးနဲ့ဘာမှမဆိုင်လောက်အောင်နွေးထွေးမှုတွေ။ သူ့ရဲ့ နွေးထွေးမှုတွေနဲ့သာနေသားကျနေပြီ။ သူ့ရဲ့စိတ်တချို့ကိုသာသိနေပြီလို့ထင်မိသည်။ အလုပ်တွေရှုပ်နေတယ့်သူ့ကို ကော်ဖီဖျော်တိုက်လို့ရှိရင် သူကျေနပ်တာတွေ၊ သူ့အတွက် အဝတ်စားထုတ်ပေးရင် သာ့ကို ရေချိုးခန်းက ထွက်လာလည်းနမ်းတတ်သည်။
"သာ စိတ်အေးအေးထားနော် "
မကြာခင်လေယာဥ်ဆိုက်တော့မှာမို့ အဆင်းပိုင်းကြောက်သည့်သာ့လက်ကိုသူကဖျစ်ညစ်ပေးရင်းပြောသည်။
သာပြန်ရောက်ပြီ။ သာမြန်မာပြည်ပြန်ရောက်ပြီ။
__________
"သား နဲ့သမီးနဲ့နေဖို့"
ဆိုပြီး ဘုန်းဖေဖေက တိုက်နဲ့ခြံလက်ဖွဲ့ပေးသည်။ ဘုန်းကတော့ လက်မခံချင်ပါ။ သာတို့အရင်နေခဲ့တယ့်အိမ်မှာပဲနေချင်နေသည်။ သို့ပေမယ့် လင်မယားအခန်းအတွက်ကျတော့ အရင်အိမ်ကအခန်းတွေကကျဥ်းပါသည်။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...