ဒီနေ့ဖွားဖွားတို့ရောက်သည်။မမြင်ရတာကြာရပြီဖြစ်တယ့်ဖွားဖွားကိုပြေးဖက်ရင်းသာချွဲနေမိတော့သည်။
"ငါ့မြေးအတွက်လိမ္မော်သီးတွေပါတယ်"ဆိုတယ့်ဖွားဖွားရဲ့စကားသံအဆုံးမှာသာဘုန်းကိုသတိရသွားသည်။ခနနေဘုန်းကိုလှမ်းခေါ်ဖို့ပင်တွေးမိသေးသည်။
ဖေဖေကတော့သမီးဆီအလည်လာပေမယ့်အလုပ်တစ်ဖက်နဲ့ဖြစ်သည်။ခရီးသွားအေဂျင်စီကဖြစ်သည့်အတွက်ဖေဖေ့မှာနေရာပေါင်းစုံသို့သွားလာနေရတာပင်ဖြစ်သည်။ခုလည်း ဖော်ရိန်နာ ၃ယောက်ကိုmdyအနှံ့လိုက်ပြပေးရမည့်တာဝန်ကရှိသေးသည်။
အိမ်မှာကအခန်းပိုမရှိသည့်အပြင် ခုဖွားဖွားပါပါလာတော့ သာ့မှာအခန်းနေရာချဖို့ဖြစ်နေသည်။ဖွားကိုဘုရားခန်းမှာနေရာချပေးပြီး သာ့အခန်းကိုတော့ဖေနဲ့မေအတွက်ထားပေးမည်။သာကတော့ ဧည့်ခန်းမှာအိပ်ဖို့ပဲအကြမ်းဖျင်းစီစဥ်ထားလိုက်တယ်။
_______
"ဖွားရယ် သမီး လည်းဖွားနဲ့တူတူနေချင်တာပေါ့ ဒါမယ့်အလုပ်ကပျက်လို့မရဘူးလေနော် နော် ဒီနေ့ရုံးမှာအရေးကြီးပြီးသမီးမသွားရင်မရလို့ပါ ဖွားကလည်း ပြန်လာရင် ဖွားဖွားအကြိုက်နန်းရှေ့ကရှမ်းေခါက်ဆွဲဝယ်လာခဲ့မယ်လေနော်"
ဒါကတော့သည့်သည့်အတိုင်းသာယဥ်ကျေးတစ်ယောက် ပါပီEyesများဖြင့်အဖွားဖြစ်သူကိုရုံးသွားဖို့ ချွဲနွဲ့နေတာပဲဖြစ်သည်။
"ဖွားကလည်း မြေးတကယ်မအားလို့ပါ မြေးကိုအဲ့လိုကြီးစိတ်မကောက်ပါနဲ့"
တည်တင်းနေတယ့်မျက်နှာထားနဲ့ဆိုဖာခုံပေါ်ထိုင်နေတယ့်ဖွားကိုသာ့မှာအတင်းဖက်ကာချွဲနေရတာဖြစ်သည်။
"သွားပါ အပိုတွေ ဖွားမှာတော့ မြေးလေးနဲ့မတွေ့တာကြာလို့ငါ့မြေးမလေး ငါ့ကိုလွမ်းနေတော့မှာပဲဆိုပြီး လာတွေ့တာ ဒီရောက်တော့မြေးကအဖွားကိုအလုပ်လောက်တောင်မချစ်ချင်ဘူး။ရွှေမှုန်တို့ကံကကိုဆိုးတာပါလေ"
အဖွားကစိတ်ဆိုးရင်ဒီလိုပဲပြောနေကြဖြစ်သည်။ ဒါပေမယ့်သာ့ကိုကြာကြာစိတ်မကောက်ဘူးဆိုသည်ကိုတော့သာသိသည်။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...