🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤
အပိုင်း(၁၉)
"၉နာရီ☺️"
အဲ့Messageလေးကိုသာဘုန်းကြည့်နေလိုက်သည်။ဒီအချိန်သာအိပ်နေလောက်မလား။တစ်အိမ်ထဲနေပြီးကိုယ်ချစ်ရတယ့်သူကို သူငယ်ချင်းဆိုသည့်စည်းကြီးကြောင့်စိတ်ခံစားမှုဖိစီးခြင်းကအရမ်းကြီးလွန်းသည်။
သြရှတယ့်။ဘုန်းဘာလို့များတခါမှမမြင်ဘူးတယ့်သူအပေါ်စိတ်ခုနေမိမှန်းမသိပေ။ အိပ်မပျော်သောညတွေထဲကတစ်ညအဖြစ် စံချိန်ထပ်တင်ရသောည။ အတွေးများကယောက်ယက်ခတ်နေသည်။ဘုန်းသင်တန်းက ပြီးဖို့၁လလောက်သာကျန်တော့သည်။တကယ်တော့ ဒီအိမ်လေးက ဘုန်းအိမ်လေး။ဘုန်းဒီမှာပဲနေကာ သင်တန်းတက်နေခြင်း။မထင်မှတ်ပဲသာက ဒီကိုပြောင်းရွှေ့ခံရတာကြောင့် ဘုန်းပဲအိမ်ကိုတဖက်လှည့်နဲ့ရှာသလိုလုပ်ပြီး သာ့ကိုပြန်ရောင်းခဲ့တာပင်။သာကတော့ တစ်အိမ်လုံးမဝယ်နိုင်သေး၍တစ်ယောက်တစ်ဝက်ဝယ်ပြီး နောက်မှ ပြန်ရောင်းရင်လည်းတစ်ယောက်တစ်ဝက်ပြန်ယူချင်ပုံရသည်။ဘုန်းကတော့အဲ့လိုမဟုတ် ဒီအိမ်လေးမှာပဲသာနဲ့အတူနေချင်သည်။တခါတလေ အရိုင်းဆန်သောစိတ်တွေအားဘုန်းလုံးဝမသိကျိုးကျွံပြုကာဟန်ဆောင်နေခြင်းက သူငယ်ချင်းဆိုသောစည်း ကိုယ့်အပေါ်ထားတယ့်သာ့ရဲ့ယုံကြည်မှု အဲ့တာတွေကိုမရိုက်ချိုးချင်လို့ပေ။ တနေ့တော့ဖွင့်ပြောမယ်ဟုကြံလိုက်တိုင်း ယုံကြည်မှုပျောက်ဆုံးသူလို အပြစ်ရှိသလို ခံစားရမြဲ။ သာကမင်းမောင်နဲ့သူ့အား ကြိုက်နေသောချစ်သူတွေဟုသာထင်သည်။ အစက ရှင်းပြငြင်းသော်လည်း ဘယ်လိုပြောပြောမရတော့။သာဟာ အစွဲလမ်း အယူ တစ်ဇွတ်ထိုးနိုင်တယ်။ဆုံးဖြတ်ပြီးရင် အဲ့အတိုင်းလုပ်ရမှကျေနပ်သူ။ သာ့ဘဝမှာ ဆုံးဖြတ်ချက်အတိုင်းမဖြစ်တာဆိုလို့ တခုသာရှိမည်။ဒါကလည်းသာပြောပြလို့ပင်။အင်ဂျင်နီယာဖြစ်ချင်သော ဆန္ဒအား အပြီးအပိုင်နှုတ်ဆက်ရခြင်းက သာ့အတွက်မခံမရပ်နိုင်စရာပင်။တကယ်တော့ အဲ့အပိုင်းမှာဘုန်းက တစိတ်တပိုင်းအနေဖြင့်တရားခံပေ။ အဲ့နေ့က ဘုန်းသာရေထဲမပြုတ်ကျခဲ့ရင်။အဲ့နေ့က သာ သာရေမကူးတတ်ပဲဆင်းမကယ်ခဲ့ရင်။ဘုန်းအဲ့နေ့က စက်ဘီးပါခဲ့ရင်။ ဟူး ။သာ့ကိုရေစိုအဝတ်နဲ့အကြာကြီးဖြစ်စေမှာမဟုတ်။ အဲ့နေ့က သာ့ပါးစပ်ထဲသာ ရေမဝင်ခဲ့ရင် သာအသည်းရောင်မှာမဟုတ်။ဘုန်းသာ သာ့ကိုလိုချင်လျှင်အတင်းအဓမ္မယူ၍ရနိုင်သည်။ ဒါပေမယ့် သာ့ကိုသူတန်ဖိုးထားသည်။ဘုန်းသည် ဘယ်တော့မှဟိုလူကြီးလိုမဖြစ်စေရ။အကယ်၍ သူငယ်ချင်းစည်းကိုသာကျော်နိုင်ခဲ့ရင်ရော....။ သေချာပါတယ် ဒီညလည်းအိပ်မက်ထဲမှာ နတ်သမီးလေးကစောင့်ကြိုနေမယ်ဆိုတာ။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...