4.နှစ်ဦးနှစ်ဖက်သဘောတူညီစာချုပ်ချုပ်ဆိုခြင်း

2.4K 101 0
                                    

🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ် 🖤

                              အပိုင်း(၄)

"တီ တီ တီ တီ"

"Hmmm ၅ မိနစ်လောက်ပါပဲ ငါ့ကိုပေးအိပ်ပါ ကီကီရာ "

အိပ်ချင်မူးတူး ဗလုံးဗထွေးအသံနှင့်သူမရဲ့အချစ်တော်​မွှေးပွကြောင်ရုပ် နှိုးစက်လေးကိုမမှီမကမ်းလှမ်းပိတ်ရင်းပြန်အိပ်ရန်ကြိုးစားလိုက်သည်။

:မနက်ဖြန် အလုပ်တက်မှာမလား မမ : 

ဟင်ဟုတ်တာပေါ့မနေ့က အလုပ်က ကောင်မလေးကဖုန်းလှမ်းဆက်ထားတာပဲ ။ဒီနေ့အလုပ်စဆင်းရမှာ ၊နောက်ကျလို့မှမရတာ။အတွေးနဲ့အတူ လူကထိုင်မိလျက်သား။နာရီကြည့်တော့၇နာရီထိုးတော့မယ်။ပြင်ဆင်ချိန်၊ချက်ပြုတ်ချိန်၊ရုံးသွားချိန်နဲ့ဆို မှီပါ့မလား။မဖြစ်ဘူး။အမြန်လူးလဲထပြီးဝင်သွားတာရေချိုးခန်းဆီ။ရေကြာကြာတောင်ဇိမ်နဲ့မချိုးလိုက်ရ။အဝတ်မြန်မြန်လဲရသေးသည်။ရာထူးတိုးပြီး မန္တလေးရှိ ကုမ္ပဏီရုံးချုပ်တွင် ပထမဆုံးအကြိမ် အလုပ်စတက်သည့်နေ့မို့ ကလက်နေ၍မရ ။အနည်းဆုံးတော့ တည်ငြိမ်မှုလည်းရှိအောင် အောက်ကအဖြူblouseတစ်ထည်ခံပြီး ကုတ်နှင့်ဘောင်းဘီကတော့ designer ထုတ်ကျောက်စိမ်းရောင်ရင့်ရင့်။အရပ်မြင့်သူမို့ ဝတ်စုံကsmartကျစွာ။ဖိနပ်စင်ထဲမှ black high heelတစ်စုံထုတ်ဝတ်လိုက်သည်။ပြီးတော့ မှန်တင်ခုံပေါ်တောင်မထိုင်ဖြစ်တော့ပဲ ကူရှင် နည်းနည်းရိုက်ပြီး နှုတ်ခမ်းကိုတော့ ပန်းဖျော့ဖျော့လေးတင်လိုက်သည်။မျက်ခုံးမွှေးလည်းဆွဲစရာမလိုတော့။ဆံပင်ကို ခပ်မြင့်မြင့်စီးနှောင်လိုက်ကာ စလင်းဘတ် သားရေနက်ကိုလွယ်လိုက်တော့ ရုံးသွားမည့် သူမ style ဖြစ်သွားသည်။GM(အထွေထွေ မန်နေဂျာ)တစ်ယောက်ဖြစ်သောသူမက အသက်ငယ်ငယ်နှင့် မိန်းမလှလေး ဖြစ်သော်လည်း ယနေ့အချိန်ထိ ချစ်သူရည်းစား မဆိုထားနှင့် သူငယ်ချင်းတောင် သိပ်ရှိတာမဟုတ်ပေ။ ဇီဇာကြောင်၍ လူအများနှင့်သိပ်မရောတတ်ခြင်းက သူမ၏ ပျော့ကွက်ဟုပင်ဆိုရနိုင်သည်။

"ကဲပြီးပြီ ကဲမှန်းစမ်း နာရီဝက်တောင်ကြာသွားတာပဲ ငါတော့အချိန်မရှိတော့ဘူး သေလိုက်ပါတော့ ဟယ်"

A mysterious love story (Completed)Where stories live. Discover now