"Hello "
"Hello အမိန့်ရှိပါရှင် "
သာ၂ခါတိတိဖြေတာတောင်တစ်ဖက်ကခေါ်ပြီးဘာမှမပြောတာကြောင့်စိတ်တို့ တမျိုးဖြစ်ချင်သွားသည်။
တစ်ဖက်မှာလည်း ဘုန်းတစ်ယောက် အလုပ်ပုံထဲခေါင်းနစ်နေရာကနေ သူမလေးကိုလွမ်းလို့ အလွတ်ရနေတယ့်Noတွေကိုရိုက်ပြီးခေါ်လိုက်ပေမယ့် လက်တွေ့မှာ ရင်ဘက်ထဲတင်းနေအောင်ခံစားလိုက်ရပြီးအသံတို့ကမထွက်လာချင်ခဲ့။
"Hello ငါပါသာရဲ့"
"ဘုန်းလား "
"Omm "
"အမယ်လေးဟယ် ငါက ဘယ်သူလည်းလို့ ဘယ်လိုလည်း နင် နေတာထိုင်တာအဆင်ပြေရဲ့လား ငါ့ဆီဖုန်းဆက်မယ်ဆိုပြီးတော့ ၁ပါတ်တောင်ကြာသွားပြီ"
"ပြေပါတယ်ဟာ ဒါမယ့် အလုပ်နဲ့အသားကျအောင်မနည်းလုပ်နေရတယ် ငါ့စိတ်က မနက်ပိုင်းရယ် ၆နာရီ ၇နာရီရယ်ဆို အလုပ်မှာအာရုံသိပ်မရှိချင်ဘူးဖြစ်နေတယ် အဟက် နင်ရောသာ ဘယ်လိုလည်း"
မနက်ပိုင်း နင်အိပ်ချင်မူးတူးထလာပြီးအလုပ်လုပ်တယ့်ပုံရယ် ၆နာရီမှာ နင်စားဖို့ ငါချက်ပြုတ်နေတယ့်အချိန်ရယ် ၇နာရီ မှာငါတို့ညစာအတူတူစားတယ့်အချိန်တွေကိုငါအလွမ်းဆုံးပဲ။
"အင်း ဘာမှအထွေအထူးမရှိပါဘူး ငါကတော့ဒီတိုင်းပါပဲ အေးဟုတ်သားပဲ ဖွားဒီကိုလာလည်မယ်တယ့် နင်တွေ့ချင်ရင်လာလည်လေ"
"ဘယ်နေ့မို့လည်း"
"ဒီတစ်ရက်နှစ်ရက်ပဲ ငါသေချာမသိဘူးဟ အဖေ့အလုပ်နဲ့ချိန်ပြီး ငါ့ကိုလည်းမရေမရာပြောထားတာ"
"Immလာရင် ငါ့ကိုအကြောင်းကြားလေ ဟင်း အဖွားလာရင်တော့ လိမ္မော်သီးပါပါစေဆုတောင်းတယ်ဟေ့"
"ပါမှာပေါ့ ဟ နင်ကလည်းနော် အငတ်ပဲ"
"ဒါကတော့ငါက လိမ္မော်ခြံကိုလွမ်းတာကိုးဟ ဟေ့သာ နင်မှတ်မိသေးလား ငါတို့စတွေ့တုန်းက"
"လိမ္မော်သီးသူခိုး"
"လိမ္မော်သီးသူခိုး"
နှစ်ယောက်သားပြိုင်တူပြောမိပြီးရယ်မောမိကြသည်။
မိနစ်အနည်းငယ်လောက်စကားပြောအပြီးမှာ ဖုန်းချလိုက်လေသည်။ ကမ္ဘာကြီးကပျော်စရာအတိပင်။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...