ခနနေတော့ သူကသာ့ကို လမ်းထိပ်ထိလိုက်ပို့ပေးပါသည်။ ဖုန်းဆက်လိုက်မယ်လို့လည်းပြောပါသေးသည်။
သာအိမ်ပြန်ရောက်တော့ဘုန်းက သာ့အားအိမ်ပြန်နောက်ကျလို့ပြောသည်။ သာကရုံးမှာအလုပ်ရှုပ်နေလို့ အချိန်ပိုဆင်းလိုက်တာဟုညာလိုက်သည်။ ဘုန်းကိုသာရည်းစားရသွားတာပြောပြဖို့စိတ်ကူးလိုက်သည်။
ဘုန်းကတော့ သာ့ကို မြန်မြန်အဝတ်စားလဲပြီးထွက်လာခဲ့ဟုအခန်းဝထိတွန်းပို့သည်။ ပြီးတော့
"သာရေမြန်မြန်လုပ် ငါဗိုက်တော်တော်ဆာနေပြီ"
ဟုလည်းအော်ဖြစ်အောင်လှမ်းအော်လိုက်ပါသေးသည်။
သာရေချိုးနေရင်း မှန်ထဲသို့ကြည့်ရင်းမှ ပြုံးနေသောကိုယ့်ရုပ်သွင်ကိုကိုယ်သေချာကြည့်ပြီး နဂိုကထက်ပိုပီုပြင်သောအပြုံးတစ်ခုဖြစ်ထွန်းလာခဲ့တယ်။
နောက်တော့"အာ !နောက်ဆုံးတော့ ငါရည်းစားတစ်ယောက်ထားဖြစ်ခဲ့ပြီ ဟိ"
မှန်ထဲလက်သီးလက်မောင်းတန်းကာ ကိုယ့်ဘာသာကြွေးကြော်လိုက်သည်။
ပြီးတော့ အားရပါးရရယ်မောလိုက်မိသည်။အခုဆိုရင် သာ့ရင်ထဲကအလွှာပါးလေးကလည်းကွာကျသွားပြီဖြစ်သည်။
သြဇာကောင်းဆေးရုံတက်နေတယ့်ရက်က သာရင့်ခက်ကိုဆက်သွယ်ခဲ့တယ်။ရင့်ခက်က မယုံနိုင်အောင်ပဲ သာဖုန်းဆက်တော့ ပျော်ရွှင်သွားပြီး သာ့ချိန်းဆိုမှုကိုလက်ခံခဲ့တယ်။
သာတို့၂ယောက် သြဇာကောင်းမွေးနေ့ကဆုံဖြစ်တယ့်ဆိုင်မှာပဲ ဆုံကြသည်။ သာလည်း ထိုဆိုင်လေးကို တော်တော်သံယောဇဥ်တွယ်နေမိပြီ။ ဆိုင်နာမည်လေးက Leo's Birdတယ့်။အပြင်ဆင်လေးလည်းသဘောကျပြီး သူနဲ့ခနခနလာစားဖြစ်တာကြောင့် ထိုဆိုင်ရဲ့အရသာကိုလည်း ခံတွင်းတွေ့နေပြီဖြစ်သည်။
သာရောက်သွားတော့ ရင့်ခက်က ပန်းနုရောင် မိန်းမဝတ်လက်ရှည် ဘလောက်စ်ကို နက်ပြာရောင် ကိုယ်ကျပ်စကပ်ထဲထည့်ပြီးဝတ်ထားကာ ဆံပင်တို့အား နောက်တွင်ဖွဖွစည်းထားလေသည်။
ရင့်ခက်ကတကယ်ကိုပင်လှလွန်းတာပဲ။
YOU ARE READING
A mysterious love story (Completed)
Storie d'amoreငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...