"ကျေး ဘာဖြစ်နေတာလဲဟင် "
"ဟမ် အမ် ဘာမှမဖြစ်ပါဘူး ဘာဖြစ်လို့လဲမောင်ရဲ့"
အတွေးထဲနစ်နေချိန် မောင့်ဆီက အသံကြောင့်သာဆတ်ခနဲ့ဖြစ်သွားရသည်။
"ဘာမှမဖြစ်တာသေချာလား ကျေး "
"သေချာတာပေါ့မောင်ရဲ့ ပြောလေ သာရုံးကအကြောင်းတွေးမိသွားလို့ပါ"
သာ့အဖြေကိုမောင်ကမျက်မှောင်ကြုတ်ကာ
"ကျစ် ကျေးကလည်း မောင်တို့၂ယောက်ထဲရှိတယ့်ချိန်အလုပ်ကိစ္စတွေမတွေးနဲ့လေ နော် မောင့်အပေါ်ပဲ အာရုံထားတာလိုချင်တယ်"
"ဟုတ်ပါပြီ မောင်ရယ် ဒီက သာက မောင့်အပေါ်မှာပဲ အာရုံထားပါ့မယ်ဟုတ်ပြီလား"
ပါးလေးကိုဆွဲဖြစ်ပြီးပြောလိုက်တော့ မောင်ကသွားစွယ်တွေပေါ်တယ့်ထိရယ်ပြီး
"ဒီမှာ ကျေးကိုပြမလို့ ဒါက နောက်ဆုံးစာအုပ်ပဲ ရှေ့စာအုပ်တွေတော့ မယူလာခဲ့ဘူး"
အယ်လ်ဘမ်လေးတစ်ခုကိုကမ်းပေးတာကြောင့်သာယူလိုက်တော့ မောင်ကဖွင့်ကြည့်လေတယ့်။
စစချင်းမှာ တော်တော်ကြာပြီဖြစ်သော သာ့ရဲ့ကားဝင်းကပုံဖြစ်သည်။ ထိုအချိန်တုန်းက ဘုန်းလာကြိုတာနောက်ကျလို့သာအော်ခဲ့သေးသည်ပဲ။
နောက်သာ့ပုံတွေ။ ခြံဝက နှင်းဆီပန်းတွေလာဖြုတ်နေတာကစပါသည်။
နောက်ပိုင်းမှာတော့ မောင်နဲ့ ၂ယောက်တွဲပုံတွေများသည်။
"မောင် ဒါက"
"ကြိုက်လား ကိုယ်အရင်ကကျေးကိုလွမ်းရင် ဒီတိုင်းထုတ်ကြည့်တာပဲ "
"မောင် ကျေးကိုအရမ်းချစ်တာပဲလား"
သာ့အမေးကို မောင်က
"ချစ်တာမှ အရမ်း အရမ်း အရမ်း ချစ်ဗျာ"
ဆိုပြီး ပါးလေးကိုရွှတ်ခနဲနမ်းကာဖြေပါသည်။
သာလည်း မောင့်ကိုချစ်ပါတယ် ဒါပေမယ့် ဘုန်းကရော။
___________
"Hello"
"Hello သာလား အေးပြော"
ဘုန်းအသံက ဘာမှဖြစ်မနေပါ အရင်တုန်းက ပုံမှန်အတိုင်းဖြစ်၏။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...