🖤ပဟေဠိဆန်သော ချစ်ခြင်းသွယ်🖤
အပိုင်း(၁၈)
၂ယောက်သားချမှတ်ထားတယ့်စည်းမျဥ်းတွေရှိသော်လည်း Sofaပေါ်တွင် ခေါင်းနာကာ သူမလေးကိုမအိပ်နေစေချင်။ဒါကြောင့်အသာလေးပွေ့ကာ သူမအခန်းလေးသို့ ချီလာခဲ့တော့သည်။သူမပါးလေးက သူ့ရင်ဘက်ပေါ်ကပ်လျက် အိပ်နေတာ တခုကောင်းပါတယ်။မဟုတ်ရင် သူ့ရဲ့ဖောက်ပြန်တယ့်ရင်ခုန်သံတွေကြောင့်သူတို့၂ယောက်ဝေးသွားနိုင်သည်။ လောကကြီးကမတရားလိုက်တာ။သူငယ်ချင်းဆိုရင်ရှေ့ဆက်ဖို့အဲ့လောက်ခက်သည်လား။ဟူး ။သူလေပူတစ်ချက်သာမှုတ်ထုတ်လိုက်နိုင်သည်။
"အင်း Hnnnm"
အိပ်ရာလေးပေါ်ချပေးလိုက်တာနဲ့ယောင်ညီးသံလေးကထွက်လာသည်။သာကအအေးကြိုက်တာမို့ Airconကို ချိန်ဖွင့်ပေးကာ စောင်ကိုရင်ဘက်နားထိခြုံပေးလိုက်သည်။သူခနတော့ ကုတင်ဘေးဒူးထောက်ကာ မျက်နှာလေးကိုငေးနေမိသည်။
ဒီနေ့သူစိတ်တွေအရမ်းရှုပ်ရသည်။ ဟိုလူကြီးပြောတယ့်ကိစ္စကိုသူသဘောတူရမည်။မဟုတ်ဘူး သဘောတူမှရမည်။သူ့စိတ်တွေကိုသာ့မျက်နှာလေးကြည့်ပြီးဖြေဖျောက်နေလိုက်ရသည်။
ခနနေတော့ ဘုန်းလည်းအခန်းထဲကထွက်သွားတော့သည်။
တံခါးပိတ်သံတိုးညှင်းညှင်းလေးအဆုံးမှာသာမျက်လုံးများဖြေးဖြေးလေးပွင့်လာသည်။ဝါးတားတာပုံရိပ်နောက်ကျောကိုမြင်ပြီးသာနိုးလာချင်သော်လည်း အအိပ်ကြီးသည့်ကာလနဂါးမလေးသာဟာတဖန်ပြန်အိပ်ပျော်သွားတော့သည်။
ဘုန်း ရေမိုးချိုးပြီး ထမင်းဟင်းချက်ကာ ဧည့်ခန်း၌TVထိုင်ကြည့်နေလိုက်သည်။
ကြည့်ရင်း အပြင်မှာမှောင်ရီပျိုးနေပြီဖြစ်လို့ သာ့ကိုစိတ်ပူသွားရသည်။
နာရီကိုကြည့်လိုက်တော့ ၆နာရီတောင်ထိုးတော့မည်။ကျစ် ဒီချိန်တောင်ရှိပြီခုထိမနိုးသေးဘူးလားကွာ။နေမကောင်းဖြစ်တော့မှာပဲ။
အတွေးကနောက် ခြေလှမ်းများက သာ့အခန်းရှေ့ရောက်နေပြီ။
"ဒေါက် ဒေါက် သာ"
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...