သာကားရပ်လိုက်တော့အံ့သြလောက်အောင် တိတ်ဆိတ်နေတယ့်ပါတ်ဝန်းကျင်ကြောင့်လန့်ပါလန့်မိတယ် ။တကယ်ကြီး မွေးနေ့ပွဲကပြီးသွားတာလားပေါ့။သာ့မှာအကျင့်တခုရှိတယ် ကိုယ့်ကိုကိုယ်စိတ်မချတာပဲ။တခါတလေ လုပ်မိတယ့်ကိစ္စတခုမှာ အမြဲ တခုခုလိုသလိုလို ကြောင်နေတတ်တယ်။ အခုလည်း သာခနတော့ကြောင်သွားသေးတာပဲ။ဒါမယ့်အဲ့အချိန်မှာပဲ ဆိုင်တံခါးက ပွင့်လာပြီး စားပွဲထိုးလို့ယူဆရတယ့် ဝတ်စုံပြည့်နဲ့ကောင်လေးတစ်ယောက်ထွက်လာတယ်။ခနနေတော့အနားကိုရောက်လာပြီး ကားမှန်ကိုခေါက်လိုက်တော့ သာလည်း မှန်ချပေးလိုက်တယ်။
"မမလေး သာယဥ်ကျေးလား ခင်ဗျာ"
သာကတော့မမလေးလို့အခေါ်ခံရလိုက်တော့ကြောင်အသွားတာအမှန်ပဲ။
"ဟုတ်ပါတယ် ကျွန်မသာယဥ်ကျေးပါ"
"အကိုလေး သြ..ဇ..ဟို သြရှစောင့်နေပါတယ်"
အဖြစ်ပျက်ကမြန်လွန်းလို့သာမရိပ်မိလိုက်တာပင်။စားပွဲထိုးလေးကတော့ သူ့ရဲ့အမှားကိုအချိန်မီပြင်နိုင်ခဲ့လို့ တော်ပါသေးရဲ့လို့တွေးနေလေရဲ့။
သာဝင်သွားတော့ အတွင်းပိုင်းမှာ မီးရောင်ဖျော့ဖျော့လေးပဲသုံးထားတာတွေ့ရတယ်။ဘယ်ကလာမှန်းမသိတယ့်တယောသံငြိမ့်ငြိမ့်လေးကြောင့်သာစိတ်ထဲတော့ ကြည်နူးမိသွားသည်။သာကတယောသံလေးတွေကြားရင် ကြည်နူးတတ်သည်လေ။ တစ်ဆိုင်လုံးလူတစ်ယောက်မှမတွေ့ပဲ ဖယောင်းတိုင်လေးတွေနဲ့ လှပတယ့်မီးဆိုင်းလေးတင်ထားတယ့်စားပွဲရှည်ကြီးဘေးမှာ ကိုသြရှကိုတွေ့လိုက်ရတယ်။ ကိုသြရှရှေ့မှာတော့ ပန်းရောင်ရင့်ရင့် ကိတ်မုန့်သေးလေးကိုတွေ့လိုက်ရတယ်။သာက မွေးနေ့ပွဲကို ဒီထက်ခမ်းနားမယ်ထင်ထားတာလေ။ ဘာကြောင့်မှန်းမသိ စိတ်ထဲနွေးထွေးသွားရတယ်။
ကိုသြရှက ဒီနေ့မှ အနက်ရောင်Suitကိုမှ အတွင်းအင်္ကျီကနက်ပြာရောင်နဲ့ ဝင်းဖန့်ပြီး ပန်းရောင်သန်းတယ့်အသားရည်က မီးဖျော့ဖျော့မှာတောင်ထင်းလင်းနေလေတယ်လေ။ ဒါ့အပြင် ထုံးစံအတိုင်းဆံပင်ကိုအပြောင်သိမ်းထားတော့နက်မှောင်တယ့်ဆံပင်ကြောင့် လူကတကယ့်hamesome ပင်။ သာလာတာမြင်တော့ သာအရမ်းကြိုက်တယ့်ပြုံးပုံလေးနဲ့ပြုံးလိုက်တော့ သာ့မှာ "ဟာဒီဘဲ ဘာလို့ဒီလောက်ဖြောင့်နေရတာလည်း"လိုပင်တွေးတောမိပြီး ပါးလေးက ဝတ်စုံအရောင်လေးပင်ဟပ်သွားရသည်။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...