ထိုလူအားဆက်မပြောတော့ရန်ဘေးမှလူကတိုက်တွန်းလိုက်လေသည်။ သူစကားပြောတာက အနည်းငယ်တိုးပေမယ့်လည်း တိတ်ဆိတ်နေတယ့်အချိန်မှာ ယမကာဝင်ထားတော့ အာပေါင်အာရင်းသန်သန်နဲ့ပြောလိုက်သလိုပင် လူတိုင်းကကြားလိုက်ရလေသည်။ ဦးရာဇာလည်းမနေသာတော့ ဒီကလေးနှစ်ယောက်နီးစပ်ဖို့ သူလည်းတတ်နိုင်တယ့်ဘက်အားကဝင်ပါပေးခဲ့ရတာကြောင့်ရော သာယဥ်ကျေးက ပြစ်ချက်မရှိတယ့်သူ့ဝန်ထမ်းဖြစ်တာကြောင့်ပါ ပြောတယ့်သူအား သတိပေးတယ့်အကြည့်စူးတစ်ချက်နဲ့ကြည့်လိုက်တယ်။
:သောက်ပါးစပ်ပေါက်ကို အလုပ်မြဲချင်ရင်ပိတ်ထားဆိုတယ့်ပုံမျိုး:
တစ်ဆက်ထဲမှာပဲ ဟို၂ယောက်ကိုကြည့်လိုက်တော့ သာယဥ်ကျေးဆိုတယ့်ကလေးမကအနေခက်ပုံနည်းနည်းပေါ်နေပြီး တစ်ချက်တစ်ချက် သြဇာကောင်းကို မော့ကြည့်တတ်၏။သူ့ဘေးကမောင်ရင်ကတော့ သူတို့ဘက်ကိုပြုံးရင်းလာနေလေ၏။မကြားသွားပါစေနဲ့လို့ပဲ ဟိုကောင့်ထမင်းအိုးကိုမကွဲစေချင်လို့မေတ္တာပို့လိုက်တယ်။
လူကြီးပီပီသူကပဲ ဟိုကောင်ပါအကြောင်းသိရအောင်
"ငါ့တူမဒီနေ့ လုပ်သွားတာအန်ကယ်ချီးကျူးစရာပဲ အကယ်၍တင်ဆက်သူသာအစားမထိုးနိုင်ခဲ့ရင် အန်ကယ်တို့တော့ ဒီညဟာသဖြစ်နေတော့မှာပဲ"
သာကအထက်လူကြီးကိုပြောတယ့်ရိုးရိုးပုံလေးနဲ့ပဲ
"သာ တခါမှမလုပ်ဖူးခဲ့လို့အမှားအယွင်းရှိမှာစိုးရိမ်နေတာ ဆရာ"
မန်နေဂျာကောင်ကတော့စိတ်ထဲမှာ ဒီကောင်မကဘာလည်းဟ ဦးရာဇာနဲ့တောင်သိတယ် ဆ်ိုပြီးတွေးနေလိုက်တယ်။
"ဟာ GMတစ်ယောက်လုံးကတင်ဆက်တာပဲ အမှားအယွင်းမရှိပါဘူး ပြီးတော့ ဒီပွဲတခုလုံးကိုလည်းသမီးအရည်အချင်းနဲ့ပဲ စီစဥ်ခဲ့တာပဲ အန်ကယ်တောင်သမီးကိုဘောက်ဆူးသပ်သပ်ပေးဖို့ စဥ်းစားနေတာ "
ဦးရာဇာတမင်သက်သက် ဟိုကောင့်ပါးစပ်ပေါက်ကိုပိတ်သွားအောင်ပညာရှိနည်းနဲ့ပြောလိုက်တယ်။ ပြီးတော့ မသိမသာအကဲခတ်ကြည့်တော့ သကောင့်သားက ရင်ပူလာဟန်နဲ့ ယမကာတစ်ခွက်ကိုမော့သောက်လိုက်တယ်။ဟာ ဓူဝံတော့အောင်မြင်ဦးမယ် အလုပ်ကိစ္စမဟုတ်ဘဲအရက်ဝိုင်းရောက်သလိုခွေးလိုနွားလိုသောက်တယ့်ကောင်ကိုမှလွှတ်ထားရတယ်လို့ ကျွတ် ကျွတ် ။
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...