သာ့မွေးနေ့ရောက်ဖို့ ၁ရက်အလို
ဒီရက်တွေက ပုံမှန်အတိုင်းပင် လည်ပတ်နေတာပင်။
အလုပ်တွေကိုယ်စီနဲ့မို့ ဘုန်းကလည်းမနက်ဆိုတာနဲ့ သူ့အလုပ်သူသွားသည်။ ဘုန်းလုပ်နေတယ့်အလုပ်ကိုသာမသိပေမယ့် အခုတလော သူ့ဆိုင်ကယ်ကို ချောင်ပြန်ထိုးထားရလေသည် ။ သာကားဝယ်ပြီးတော့ ခြံထဲမှာ ကားထားဖို့ နေရာလေးကုတ်ကပ်ပြီးဆောက်ခဲ့တာပင်။ ခုဆိုထိုနေရာမှာ ဘုန်း၏ ဆိုင်ကယ်လေးနဲ့ သာ့ကားလေးအတွက်နေရာရှိပြီဖြစ်သည်။ဘုန်းကတော့ ကားအသစ်တစ်စီးဝယ်လိုက်ပြီး ထိုကားနှင့်ပင် အသွားအပြန်လုပ်ပါသည်။ ဒါပေမယ့်လည်း သာတို့ခြံလေးက သိပ်မကျယ်တာကြောင့် ဂိုထောင်တွင် ကား၂စီးထားဖို့ မလောက်ပေ။
"မဟုတ်လည်းပြန်ထုတ်ရမှာအလုပ်ရှုပ်တယ် ငါ့ကားကို အိမ်ရှေ့မှာပဲ ရပ်မယ်"
ဆိုပြီး ဘုန်းက ပြောသေးသည်။ ရောက်ရောက်ချင်းနေ့ကပဲ အလုပ်နားပြီး ချက်ချင်းအလုပ်တွေရှုပ်ကြရတော့သည်။ သာလည်းခုတလောအလုပ်ရှုပ်နေရတယ်။ နောက်လကျရင် သာတို့ Yarzar Companyရဲ့ ၂၀နှစ်ပြည့်မို့ ဒီရက်ပိုင်း discountတွေရော promotionအစီစဥ်တွေရောစီစဥ်ရမှာမို့ အလုပ်ရှုပ်နေတယ် ။သာတို့ yarzarက martတွေလည်းဖွင့်ထားတာမို့ ကံစမ်းမဲအစီစဥ်တွေ ကိုconsumer တွေအတွက်စီစဥ်ရသလို သာ့တင်ပြချက်အရ မနေ့ကအစည်းအဝေးမှာ ဝန်ထမ်းတွေအတွက်ပါ အစီစဥ်တခုစီစဥ်ဖို့လုပ်ရတော့တယ်။
စီမံအုပ်ချုပ်ရေး(100)မှာပါတယ့်အတိုင်း ကိုယ့်ဝန်ထမ်းတွေကို အခွင့်အရေး တခါတလေပေးပြီး ဆုပေးဒါဏ်ပေး ကျင့်သုံးတယ့်အချက်ကို ထောက်ပြပြီး သာတောင်းဆိုတာကြောင့် ဝန်ထမ်းတွေအတွက်ပါ ပွဲတခုစီစဥ်တော့တယ်။ အဲ့တာကို သာက ကြီးကြပ်ရမှာမို့ ခုကထဲက အစီစဥ်မြန်မြန်လုပ်နေရသည်။ ရုံးကအလုပ်တွေကောဆို သာ့မှာတကယ်မလွယ်ပေ။ ဒါ့ကြောင့် တခြားဘာမှပင်မစဥ်းစားနိုင်ပေ။ ကိုယ်ရေးကိုယ်တာကိစ္စတွေပေါ့
မနေ့က သြဇာကောင်းလာတွေ့ပြီး ဒီနေ့ထပ်လာမရှုပ်တော့တာကြောင့်သာကျေးဇူးတင်မိသည်။
Tea time မှာတောင် သာအပြင်ထွက်မသောက်နိုင်ပေ။ ဒါပေမယ့် သိတယ့်အတိုင်း ရုံးမှာ အောင်သွယ်တော် အကြီးကြီးကရှိနေလေတော့ သာ့ဆီ ကော်ဖီနဲ့ သာ မှာစားနေကြ စတော်ဘယ်ရီအရသာ ကိတ်တို့ကို စားနေကြဆိုင်က လှလှပပထုတ်ပိုးထားတယ့် ပါဆယ်ရောက်လာတယ်။ ဖွင့်ကြည့်လိုက်မှအထဲမှာ သာမြင်ဖူးတယ့် ယောက်ျားလေးတန်မဲ့ သေသပ်လှတယ့် လက်ရေးတို့နဲ့ရေးသားထားတယ့်
YOU ARE READING
A mysterious love story (Completed)
Romanceငယ်စဥ်ကထဲက မိဘ၏ဆုံးမမှုတွေကြောင့် အချစ်ရေးမရှာဖို့ဆုံးဖြတ်ထားသူ ၊ မတော်တဆ အလယ်တန်းနောက်ဆုံးနှစ်မှာ ကောင်ဇိုးလေးတစ်ယောက်ကြောင့် ...... ခင်မင်ရသော သူငယ်ချင်းမလေးက ပွင့်လင်းစွာ ဝန်ခံလာခဲ့သောအခါ ... ဆုံးဖြတ်ချက်တွေတင်းမာပြီး တစုံတယောက်ကိုဒဏ်ရာတွေပေးဖို...