Untitled 2014
Tearsနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတ့ဲ GD မျက်နှာ
ကို တညလုံး တစိမ့်စိမ့်ငေးကြည့်နေမိတယ်..Hyung.. ကံတရားက ထူးဆန်းလိုက်တာ
တသက်လုံး မနီးတော့ဘူးလို့ထင်ခ့ဲတ့ဲ Idol
ရဲ့ ရင်ခွင်ထဲကို ကျွန်တော်ရောက်နေရတယ်တနေ့မှာ ဒီယောကျာ်းနဲ့ ဒီယောကျာ်းတို့..
ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတ့ဲ
ဇာတ်ညွှန်းမျိူး ကျွန်တော်တို့ဇာတ်လမ်းမှာ မရှိ
လာဘူးမလားဟင်..တိုင်းသိပြည်သိ အနုပညာရှင်နဲ့ ဘာမဟုတ်
တ့ဲ ကျောင်းသားတယောက်တို့ရဲ့ အချစ်ကို
တခြားသူတွေ ကြည်ဖြူပေးကြပါ့မလား..ကျွန်တော့ကြောင့် Hyung အဝေဖန်ခံရတာ
မျိုး.. လူတကာ ရှုံ့ချကြမှာမျိုးတော့ အဖြစ်မခံ
နိုင်ပါဘူး..Hyung က ချစ်တယ်ဆိုရင်တောင် ဒီအချစ်
ကလေ လူကြားထဲမှာ ခမ်းနားစွာ ချစ်ပြလို့ရ
မယ့်အချစ်မျိုး မဟုတ်ဘူးမလား..Hyung လက်ကိုလေ သူများတွေရှေ့မှာ
ဘယ်တော့မှ တွဲခွင့်ရမှာမျိုး မဟုတ်တော့ဘူး..သူငယ်ချင်းတွေပါ.. ပရိသတ်တယောက်ပါလို့
လိမ်ရအောင်လည်း..ကျွန်တော့ဘဝနဲ့
G Dragon ဆိုတ့ဲ ဘဝက အဝေးကြီးမှာ..Hyung မိဘတွေနဲ့..ဆွေမျိုးအသိုင်းအဝိုင်း..
YG နဲ့ YongBae Hyung တို့ကရော..
ကျွန်တော့ကို လက်ခံနိုင်မယ် မထင်ပါဘူး..သူတို့က..သူတို့သိပ်တန်ဖိုးထားရတ့ဲ Hyung
ကို ကျွန်တော့ရင်ခွင်မှာ ဘယ်ထားချင်ပါ့မလဲ
တဦးတည်းသော သားရဲ့ မျိုးဆက်ကို လိုချင်
ကြမှာပဲ..VIP တွေကရော..နာကျင်ကြမှာ..ဝမ်းနည်း
ကြမှာ..သူတို့ Idol က Fanboy တယောက်
ကို ကြိုက်နေတယ်ဆိုတာ သိကြရင်..ဘယ်လို
တွေ တုန့်ပြန်ကြမလဲ..မတွေးရဲပါဘူး..Hyung ရယ်.. စဉ်းစားကြည့်တော့လည်း..
ကျွန်တော်က မဖြစ်နိုင်တ့ဲ လူသားကိုမှ ချစ်မိ
နေတာပါလား.. ဘယ်လိုလုပ်ရမလဲ Hyungကျွန်တော်တို့ မတွေ့ခ့ဲသင့်ဘူး..စကားတွေ
မပြောခ့ဲသင့်ဘူး..သဘောမကျခ့ဲသင့်ဘူး..
ကျွန်တော် Hyung ကို မချစ်ခ့ဲသင့်ဘူးလေ