Untitled 2014
Part 18~ Kwon Jiyong..ခင်ဗျား ဘယ်တွေပျောက်
နေပြန်တာလဲ..Seungri ကျောင်းကိုသွားခါနီး အရင်လို
ခေါက်ဆွဲဆိုင်ကိုမလာတော့တဲ့ Jiyong ကို
လွမ်းနေမိတယ်..ရောက်များလာမလားဆိုပြီး မသိမသာစောင့်
နေမိသေးတယ်..နောက်ဆုံး မလာနိုင်တာနဲ့ပဲ
ကျောင်းကို စိတ်မပါလက်မပါနဲ့ ထွက်လာခဲ့
ရင်း..~ မနေ့ညကတုန်းကကျ ပေါက်ထွက်အောင်
ကိုက်ထားတဲ့ကြားကကိုမလွတ်တမ်းနမ်းသွား
ပြီးတော့များ..သွေးတွေတောင်ထွက်လို့..
ကိုက်လို့စိတ်ဆိုးနေတာများလား သူ့အလှည့်ကျ နည်းနည်းမှကိုအနာမခံဘူး..တကယ်စိတ်
ဆိုးနေတာများလား..ဟာ...သူ့ဘာသာသူ စိတ်ဆိုးရုံမကလို့ ဘာ
ဖြစ်ဖြစ် ငါနဲ့မှမဆိုင်တာ..ဂရုစိုက်မနေဘူး..ကျောင်းရောက်တော့လည်း အရင်လို ဘာ
Surprise တွေများ လုပ်ထားမလဲဆိုပြီး
မသိစိတ်က မျှော်လင့်မိနေပြန်တယ်..
ဘာမှလည်း မရှိဘူး..~ Kwon Jiyong.. အခု ခင်ဗျား နမ်းတာခံ
လိုက်တာနဲ့တင် ဘာမှလုပ်ပေးစရာမလိုတော့
ဘူးလို့ တွေးနေပြီပေါ့..ဂါး......အခု ခင်ဗျားက
လာချေပြနေတာလား.. အချော့ခံလို့တောင်
မဝသေးဘူး..ချီးထုပ်ကြီးရဲ့Seungri တမနက်လုံး ဆူဆောင့်အောင့်ပြီး
စာသင်နေရင်းတောင် စိတ်မကြည်..~ သူများကိုဖက်လည်းဖက်တယ် နမ်းလည်း
နမ်းသွားတာတောင် လာမချော့ဘူး..
နည်းနည်းလောက်လျော့တာနဲ့ အရင်ပုံစံ
အတိုင်းပဲ..စိတ်တိုလိုက်တာ.." ကျောင်းသား.. Lee Seungri shi...
ကျောင်းသား.. Lee Seungri.. "အခန်းထဲက စပီကာကနေ အသံထွက်လာ
တော့ အကုန်လုံးလန့်ဖြန့်သွားကြတယ်.." Lee Seungri..ခုချက်ချင်း ကျောင်းသားရေး
ရာဌာနကို လာခဲ့ပေးပါ "သူလည်း ကြောင်တောင်တောင်နဲ့ဖြစ်နေပေ
မယ့် တချို့တွေက ပြုံးစိစိ.. Lee Seungri ဆို
တာနဲ့ကို တခုခုဆိုတာ သိနေကြပြီ..ဆရာက " Seungri.. သွားလေ..မင်းကိုခေါ်
နေတာမလား..လာချော့တယ်ဆိုရင်လည်း မူ
မနေနဲ့တော့..ငါတို့ ပေါင်မုန့်လည်းမစားချင်
တော့ဘူး..ကြိုးတွေလည်းမပတ်ချင်တော့ဘူး
Daisy ပန်းတွေလည်း မမြင်ချင်တော့ဘူး.."