Untitled 2014
❤❤💙💙အိမ်ပြန်ရောက်တာနဲ့ ဖုန်းကိုဖွင့်ကြည့်တော့..
IG က သူ့ post က trend ဖြစ်နေပြီ..
Tattoo လေးက အသက်ပါ..ထုံးစံအတိုင်း.. Tattoo အသစ်ထိုးလိုက်တာ
က ခုတလော GD အရမ်းသုံးနေတဲ့ VIP
Crown လေး ဆိုတော့ အကုန်လုံးက အရမ်း
စိတ်ဝင်စားနေကြတာ..~ ဒီ Tattoo လေးကို ဘယ်သူမှမမြင်ခင်..ငါ့
ကို အရင်ခေါ်ပြတယ်တဲ့လား..ငါ မြင်ပြီးမှ..
Post တင်လိုက်တာပေါ့.. Caption ကလည်း
သဘောကျတယ်တဲ့..G Dragon shi..အခု ကျွန်တော့နှလုံးသား
ကို ဆွဲကိုင်လှုပ်နေတာလား..ကျွန်တော် ကြွေကျအောင် ခြွေတယ်ဆိုရင်
တော့.. သေချာပါတယ်.. Hyung ခြေရင်းမှာ
ကြွေဆင်းနေပါပြီလို့..Hyung ကတော့ ဘာရယ်မဟုတ်ဘူး
Caption လှလှလေးနဲ့..ပုံတင်လိုက်ရုံပဲကို..
ကျွန်တော့်မှာတော့.. နေ့ခင်းကြောင်တောင်
မှာ.. ကြယ်တွေတဖိတ်ဖိတ်တောက်လို့..ဒါပေမယ့်.. Hyung ရယ်..
~ ငါ ဘယ်လိုလုပ်ရမလဲ.. ငါ သူ့ကို တကယ်
သဘောကျနေပါရဲ့နဲ့..ဘာကိုကြောက်နေမိ
တာလဲ..~ ငါ့ကို ကစားဖို့သက်သက်တော့..ဒီလိုတွေ
မလုပ်လောက်ဘူးမလား..Nunaa တို့..လုပ်ပါဦး ကျွန်တော့်ကို Hyung
က.. တကယ်ပဲ သဘောကျနေတာလားဟင်Seungri.. ဂဏှာမငြိမ်အောင် ထလိုက် ထိုင်
လိုက်ဖြစ်နေတာနဲ့ပဲ.. Daesung က" Seungri.. အခုတလော ဘာဖြစ်နေတာလဲ
မင်းကိုကြည့်ရတာ..မျောက် မီးခဲကိုင်ထားတဲ့
အတိုင်း မျက်စိကိုနောက်နေတာပဲ ငါ မသင်္ကာ
တော့ဘူး.. "" Dae.. ငါ့ကို ကူစဉ်းစားပေးပါလား.. "
" ဘာကိုလဲ.. "
" ငါ..ယောကျာ်းလေးတယောက်ကို သဘော
ကျနေမိပြီထင်တယ်.. "Daesung က မထူးဆန်းသလိုနဲ့..
" မင်းက အစကတည်းက ဘယ်မိန်းကလေး
ကို.. သဘောကျလို့လဲ..GD.. GD ဆိုပြီး FA
ပဲ ဖြစ်နေတာများ..အထူးအဆန်းလုပ်လို့.. "" Dae.. ငါ တကယ်ပြောတာ..အဲ့လူကို ငါ
တကယ်သဘောကျပေမယ့်..ဘာလို့မှန်းမသိ
ဘူး..ကြောက်နေတယ်.. "