Part 6

619 33 1
                                    

Untitled 2014
Part 6

Top မှာ ကားကို ဟိုဟိုဒီဒီပတ်မောင်းပြေးနေ
ရင်း..Seungri ရင်ခွင့်သမျှကို မညီးမညူ
နားထောင်ပေးနေရှာတယ်..

" မင်းတို့နှစ်ယောက်က အချစ်လွန်နေကြတာ
ပဲ..မင်းကလည်း မင်းကိုယ်ပိုင်ဘဝမရှိတဲ့
အထိချစ်တယ်.. Jiyong ကလည်း မင်းကို
လုံးဝအထိအရှမခံ အပျောက်မခံနိုင်ပဲချစ်နေ
တာဆိုတော့..မင်းတို့ နှစ်ဖက်လုံးကသံလိုက်
တွေလို တဖက်နဲ့တဖက်ဆွဲငင်နေကြတာ..
ထိကပ်နေပေမယ့် တသားတည်းမကျဘူးဖြစ်
နေတာ..S နဲ့ N လိုပဲပေါ့..ကဲ.. ထားပါ..တခါ
တလေ ချစ်လွန်းလို့ အဆင်မပြေဖြစ်ကြတာ
လည်းရှိပါတယ် "

" မသိတော့ပါဘူး.. Hyung ရယ် "

သူတို့စကားပြောနေတုန်း.. Seungri ဆီ ဖုန်း
ဝင်လာတယ်..Jiyong ဖုန်း..
ချက်ချင်းကိုင်လိုက်ပြီး..

" Hello..Hyung "

" ခုချက်ချင်း ပြန်လာခဲ့ "

ဖုန်းချသွားတယ်..Seungri မျက်ရည်တွေ
ကြားက ပြုံးလိုက်မိပြီး.. Top ဘက်ကိုလှည့်
ကာ..

" Hyung..Jiyong Hyung က ပြန်လာခဲ့တဲ့
ခုနက ဖုန်းဆက်တာ.. "

" ကြည့်ဦး ကြည့်ဦး..သူ့ဘဲကြီးက လှမ်းလည်း
ခေါ်ရော ဖြစ်သွားတဲ့မျက်နှာက.."

" ဟီး..ပျော်လို့ပါ..သူ မခေါ်ပဲ ကျွန်တော်မပြန်
ရဲဘူးလေ.. "

" Seungri ya..မင်းတို့က ချစ်သူလေ..မင်း
ဘက်ကကြီး အလျော့ပေးစရာမလိုဘူးလေ..
မင်းဘက်က ပြန်ပြီး တင်းဦးမှပေါ့ "

" မလုပ်ပါနဲ့ Hyung ရယ်..Jiyong Hyung
ကလည်း ကျွန်တော်မရှိပဲ မနေနိုင်သလို..
ကျွန်တော်ကလည်း သူမရှိပဲမနေနိုင်ဘူးလေ
အဲ့တော့..ပိုချစ်တဲ့ ကျွန်တော်ကပဲလျော့ပေးရ
တော့မှာပေါ့ "

" ဟား..ဟား Lee Seungri မင်းကတကယ်
စကားတတ်တဲ့ကလေးလေးပဲ "

Top တယောက်တော့ ဒီကောင်လေးနဲ့ GD
ကြားက ဆက်ဆံရေးကို သိပ်စိတ်မဝင်စား
ပေမယ့်..တဖက်ကလည်း အနီးကပ်စောင့်
ကြည့်ခိုင်းနေတဲ့ အခြေအနေကလည်းရှိတာမို့

ပွဲနေရာရောက်တော့ အကုန်လုံး Airport
ဆင်းဖို့ သူတို့ကားကိုစောင့်နေကြတယ်..

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now