Untitled 2014
Part 16Countdown 83 days
Baby..စာပို့ရင် emoji လေးတွေသုံးတတ်တ့ဲ
မင်းကို ကိုယ် အရမ်းသဘောကျခ့ဲတာ..မင်းကိုမင်း smiling face လေးဆိုလို့
မင်းအတွက် ကိုယ် Tattoo ထိုးတာလေးကို
သတိရလားဟင်..ကိုယ်နဲ့ မင်း စပတ်သတ်မိကတည်းက ကိုယ့်
ခန္ဓာကိုယ်မှာရော..နှလုံးသားမှာရော..စိတ်ထဲ
မှာရော..မင်းပဲ ရှိတာ .. မင်းပါပဲ Baby ရယ်..Jiyong ဒိုင်ယာရီ စာအုပ်လေးကို ပိတ်လိုက်
ပြီး..သက်ပြင်းလေးချလိုက်တယ်..ဒီနေ့လည်း Seungri အတွက် ပြင်ဆင်ထား
တာလေးတွေရှိတာမို့ ကားနဲ့ထွက်လာခ့ဲပြန်
တယ်..မနေ့က Daisy ပန်းတွေနဲ့ ကျောင်းအပြင်ကို
ဆောင့်ကြီးအောင့်ကြီးထွက်လာပြီး အကုန်
အမှိုက်ပုံးထဲ ပစ်လိုက်တ့ဲ စွာစိစိန်လေးကို
အူယားလိုက်တာ..ဒီနေ့လည်း ဘယ်လို reaction လေးတွေ
လာဦးမလဲပဲ..Jiyong ကားနဲ့ရပ်ကြည့်နေတုန်း..လာပါပြီ
စက်ဘီးလေးနဲ့..ဒီတခါတော့ ရပ်ခိုင်းစရာမလို
ဘူး သူ့ဘာသာသူရပ်ပြီး စက်ဘီးပေါ်ကဆင်း
ရင်း..သူတို့ကျောင်းရှေ့က ယာယီတဲလေးတွေနဲ့
Smiling Face ပေါင်မုန့်လေးတွေကို လိုက်
ဝေနေတ့ဲ လူတွေကို ကြောင်ကြည့်နေတယ်ပေါင်မုန့်လေးပေါ်က Smiling Face လေး
ကို မြင်တာနဲ့ သိမှာပါ..Jiyong လက်ချက်
ဆိုတာ..သူ့လက်ထဲကိုလည်း ပေါင်မုန့်လေးတခု
ရောက်လာတယ်..ဒါပေမယ့် လိုက်ဝေနေတာ
ပေါင်မုန့်တင်မဟုတ်ဘူး ကဒ်ကလေးတခု
ရောပဲ..ကဒ်ပေါ်မှာ ရေးထားတ့ဲစာသားလေးက
Eat this bread and can you do me a
favor? Please make Seungri smiles.
And let him know that " I miss his Smiling Face emoji ".Shit... Kwon Jiyong..ခင်ဗျားမရှက်ပေမယ့်
ကျွန်တော် ရှက်တယ် သိရဲ့လား..Seungri စိတ်ပေါက်ပေါက်နဲ့ အ့ဲနေရာတင်
အ့ဲ ပေါင်မုန့်ကို ဖနောင့်နဲ့တက်နင်းလိုက်ပြီး
အမှိုက်ပုံးထဲထည့်လိုက်တော့တယ်..Jiyong ကတော့ အ့ဲလိုတုန့်ပြန်တာလေးတွေ
ကို ထိုင်ကြည့်ပြီး အသည်းယားနေရတာ..