Untitled 2014
Part 17" Jiyong.. ဘယ်လဲ "
" ခဏ..အပြင်သွားမလို့.."
" အေး..ဘယ်လဲလို့..မိုးချုပ်နေပြီလေ.."
" မင်းကလည်း..အရမ်းလျှာရှည်တာပဲ..ငါ့ဟာ
ငါ ဘယ်သွားသွားပေါ့.."သေချာတယ်..မူးနေပြီ သူထွက်သွားမှပဲ
နောက်က တိတ်တိတ်လေးလိုက်ကြည့်တော့
မယ်လို့တွေးရင်း YongBae ဘာမှဆက်မ
ပြောတော့..Jiyong လမ်းလျှောက်ပြီး ထွက်သွားတယ်..
YongBae ကတော့ အနောက်ကနေ ကားနဲ့
တိတ်တိတ်လေး လိုက်ခ့ဲတာပေါ့..Seungri တို့ ခေါက်ဆွဲဆိုင်ရှေ့ရောက်တော့
ဆိုင်လည်းပိတ်ထားပြီ..Jiyong အ့ဲရှေ့မှာပဲ
ထိုင်ပြီး Seungri ရဲ့အခန်းလေးကိုမော့
ကြည့်ရင်း..~ Baby..ကိုယ်တို့ အစကတည်းကလွဲမှားခ့ဲ
တာလား..အစကတည်းက မတွေ့သင့်ကြဘူး
လား..မချစ်ခ့ဲသင့်တာလား..~ Baby..ကိုယ့်ကိုချစ်ရတာ အရမ်းပင်ပန်းခ့ဲ
တာပဲ..မေ့တောင်းမေ့ပစ်လောက်ရတ့ဲအထိ
စိတ်တွေပင်ပန်းနေခ့ဲတာပေါ့နော်~ Baby..ကိုယ့်ကိုကြောက်နေခ့ဲရတာတွေကို
ကိုယ် စိတ်မကောင်းဘူး ကလေးရယ်..အခု
ကိုယ့်ကိုမုန်းပစ်လိုက်ပြီလား..~ Baby..ရှင်းပြခွင့်လေးတော့ ပေးပါ..ကိုယ်
တောင်းပန်နေတာကို လက်ခံပေးပါလား..Jiyong ထိုင်ငိုနေမိပြန်တယ်..
ခဏနေတော့ Seungri အခန်းက မီးပွင့်လာ
ပြီး ပြတင်းပေါက်တံခါးပါ ပွင့်လာတယ်.." Kwon Jiyong... "
Jiyong မော့ကြည့်တော့ Seungri သူ့ကိုငုံ့
ကြည့်နေတာ.." Baby..."
" ခင်ဗျား..ဘာလုပ်နေတာလဲ..မိုးရွာတော့မှာ
ပြန်တော့ "" မင်း ခုချက်ချင်း အောက်ဆင်းခ့ဲ..ဟိုနေ့က
တွေ့လိုက်တ့ဲကောင်က ဘယ်သူလဲ "" ဘယ်သူဖြစ်ဖြစ် ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ "
" Baby..ကိုယ့်ကို လူသတ်ချင်အောင်မလုပ်ပါ
နဲ့..အရင်စိတ်နဲ့ဆို အ့ဲနေရာမှာတင် မင်းတို့
နှစ်ယောက်လုံးကို သတ်ပြီးပြီ "" ဘာလို့ အ့ဲကတည်းက မသတ်ပဲ ဒီရှေ့လာ
ထိုင်နေတာလဲ "" မင်းပဲ ကိုယ်ကြမ်းတမ်းတာတွေ အသားနာ
အောင်လုပ်တာတွေမကြိုက်ဘူးဆို "