Untitled 2014
Depressionအဆောင်ပြန်ရောက်တော့ တညလုံးမအိပ်ရ
သေးတာနဲ့ပဲ.. ဝင်အိပ်နေလိုက်တယ်..Daesung က ကျောင်းသွားဖို့နိုးပေမယ့်..မထ
ချင်ဘူး..စိတ်ရော လူပါ ကိုင်ရိုက်ချိုးထားသလို
ပဲ.. ဘာလို့ ခွန်အားတွေကုန်ခန်းနေမှန်းလည်း
မသိဘူး.." Seungri..မင်း ညက ဘယ်မှာအိပ်တာလဲ
ဖုန်းလည်းမဆက်ဘူး..ငါကတော့ စိတ်ပူလို့
အခုရော..ဘယ်ကပြန်လာတာလဲ..မင်း ဘာ
တွေလုပ်နေတာလဲ..ခုတလော အာရုံကိုမရ
ဘူး "Daesung က သူ ည ပြန်မအိပ်လို့စိတ်ပူပြီး
မေးလိုက်ပေမယ့်.. သူ့မှာတော့ ဘယ်လိုဖြေရ
မယ်မသိ.." ဟို...."
" ဟိုတခါ မင်းပြောတဲ့တယောက်နဲ့ ရည်းစား
ဖြစ်သွားပြီလား.. "Seungri လည်း ဘယ်သူဘယ်ဝါလို့မပြောပဲ
" ဟုတ်တယ်..ငါတို့ အပြန်အလှန်သဘောကျ
လို့.. date နေကြပြီ "Daesung က သူ့အဖြေကိုကြားလိုက်ရတော့
သက်ပြင်းချလိုက်ပြီး.." Date တာက Date ပါကွာ..အတန်းတွေ
ပျက်ပြီးလည်း လျှောက်လည်မနေနဲ့ဦး.. "" အေးပါ.."
" ကဲ.. ငါ သွားပြီ.. အတန်းတော့လာတက် "
" အင်းပါ.. "
ကုတင်ပေါ်မှာပဲ လှဲနေမိပြီး ဘာမှလုပ်ချင်ကိုင်
ချင်စိတ်လည်းမရှိဘူးဖြစ်နေတယ်..~ Hyung နဲ့ နီးကပ်တဲ့ဘဝကို လိုချင်တယ်
ဒီလိုကြီး ခွဲမနေချင်ဘူး..Fanboy တယောက်
ကျောင်းသားတယောက် မဖြစ်ချင်ဘူး..
Hyung နဲ့ လိုက်ဖက်ညီတဲ့ဘဝ ကို ရချင်မိ
တာ..ကျွန်တော်..ဒီလို ဘဝနဲ့မနေခဲ့ချင်ဘူး Hyung
သန်းခေါင်ကျော်မှာ Hyung နဲ့တွေ့ရပြီး..မိုးမ
လင်းခင် ထပြန်ရတဲ့ အဖြစ်ကိုမလိုချင်ဘူး..ကျွန်တော့မှာ ဘာအပြစ်ရှိလို့လဲ..Hyung ကို
ချစ်မိတာကလွဲရင်..ဘာအပြစ်ရှိလို့ ဒီလို
လူမသိ သူမသိနေနေရမှာလဲ..တကယ်ဆို..သူ့ကို ကျွန်တော့ဘက်က
ဇာတ်လမ်းစခဲ့တာတောင်မဟုတ်ဘူးလေ..ဖုန်းကိုကောက်ကိုင်လိုက်တယ်..စာပို့လို့ပြော
ထားတာမို့..