Untitled 2014
Part 4မနေ့ညက Concert ပြီးတော့ ဟိုတယ်မှာ
လာပြန်အိပ်နေတဲ့ Jiyong ကို Seungri
နိုးလိုက်ရင် ကောင်းမလား..မနိုးပဲသွားရရင်
ကောင်းမလား စဉ်းစားနေလိုက်တယ်..အိမ်ကိုပြန်ချင်တာ သူ့ကိုမပြောပဲ ပြန်သွားရင်
လည်း ဒေါသထွက်ဦးမယ်..နိုးလိုက်ရင်လည်း
သူ အိပ်ရေးပျက်သွားမှာကို စိုးနေတာ..~ မနိုးပဲ သွားတာထက် နိုးလိုက်တာက ပိုပြီး
စိတ်ချရတယ်..ငေါက်လည်း ခဏပေါ့လေ..Seungri စိတ်ကို ဒုံးဒုံးချပြီး
" Hyung... Hyung... ခဏထပါဦး.. "
ထုံးစံအတိုင်း တုပ်တုပ်တောင်မလှုပ်ဘူး..
" Hyung... Hyung.. Jiyong Hyung..
Baby အိမ်ပြန်မလို့လေ.. "နည်းနည်းအော်လိုက်မှ အင်း..အဲ...နဲ့ လှုပ်
လာပြီး..မျက်လုံးကမဖွင့်သေးပဲ.." ဘယ်အိမ်ကိုပြန်မှာလဲ..Baby ဘယ်မှမ
သွားရဘူးလို့ ပြောထားတယ်လေ "" ဟာ..Hyung.. Baby အိမ်ကိုလေ..အိပ်ချင်
မူးတူးနဲ့ ပြောနေပြန်ပြီ "Seungri စိတ်ကောက်သွားတဲ့အသံနဲ့ပြော
လိုက်မှ ကုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်လာ
တော့တယ်.." သြော်.. Baby မိဘတွေဆီ ပြန်မလို့လား.."
" ဟုတ်တယ်လေ..Hyung ကို ကြိုပြောထား
တာကို.. သွားမယ်နော် "" Baby.. ကလည်းကွာ..ကိုယ်တော့လွမ်းနေ
ရတော့မှာပဲ.."" Hyung.. Japan ပြီးရင် China ကိုသွားရ
တော့မှာလေ..Baby အိမ်ကိုခဏလေးပြန်ချင်
လို့ပါနော်..နော် "" အင်းပါ..အိမ်ကိုပြန်တာပဲ..ကိုယ်တားလို့မှ
မရတာ..Top Hyung.. အမ်း... YongBae နဲ့
အတူတူသွားလိုက်လေနော် သူ့ကိုလိုက်ပို့ခိုင်း
မယ်..Hyung လိုက်လို့တော့ အဆင်ပြေမှာ
မဟုတ်ဘူး..နေ့လည်စာစားပြီးရင် Reharsal
ရှိသေးတယ်ဆိုတော့လေ.."" YongBae Hyung တို့လည်း မနားရသေး
ဘူးလေ..Hyung ရဲ့..သူတို့နားပါစေ Baby
ကိုယ့်ဘာသာကိုပဲ သွားလိုက်ပါ့မယ်နော် "" ပြန်မလာရင် ဘယ်လိုလုပ်မလဲ..Baby က
ကိုယ့်ဆီ ပြန်မလာတော့ရင် ဘယ်လိုလုပ်မှာ
လဲလို့.. "