Untitled 2014
Part 8Seungri ညက မူးပြီးအိပ်သွားတာမို့ မနက်
နိုးလာတော့ ခေါင်းကိုက်နေတာနဲ့ပဲ..မျက်လုံး
မဖွင့်သေးပဲ နားထင်ကိုလက်နဲ့ထောက်ရင်း..
ခဏမှိန်းနေလိုက်တယ်..~ ငါ ညက တော်တော်မူးသွားတာများလား..
ကျွတ်စ်...ခေါင်းကလည်း ကိုက်လိုက်တာ..နားထဲမှာ သံစဉ်တိုးတိုးလေး..
" Hyung... "
လှမ်းခေါ်လိုက်တယ်..ပြန်မထူးတာနဲ့..
မျက်လုံးဖွင့်ကြည့်တော့..Seungri ခုနက
ခေါင်းကိုက်နေတာတွေ လုံးဝကိုပျောက်သွား
တယ်သူ့ကိုယ်သူ Daisy ပန်းခင်းကြီးထဲရောက်နေ
သလို..ကုတင်ပေါ်မှာ အဖြူရောင် Daisy ပန်းပွင့်တွေ
ခင်းထားတယ်..ဖွေးဖြူနေတာပဲ..ပြီးတော့
တခန်းလုံးလည်း Diasy ပန်းပွင့်တွေနဲ့ချည်း
အလှဆင်ထားတယ်..ပြီးတော့ Jiyong က
ဆံပင်တွေလည်း အနီရောင်ဆိုးထားတယ်
အနီရောင် ကုတ်အင်္ကျီနဲ့ ဘောင်းဘီ အမဲကိုမှ
အနီရောင် ရှူးဖိနပ်စီးထားပြီး လက်ထဲမှာ
Daisy ပန်းစည်းလေးကိုင်လို့.." Hyung.. ဒါ ဘာတွေလုပ်ထားတာလဲဟင် "
" Baby ပဲ မနေ့ညက ပြောပြီးတော့..နိုးလာနဲ့
ပျော်အောင်လုပ်ပေးဆို "" ဒါဆို..ဒါတွေ အကုန် Hyung မနက်လုံး
ပြင်ဆင်နေတာပေါ့.. "" မဟုတ်ဘူး...တညလုံးနဲ့ တမနက်လုံး "
" ဟင်.... "
ခဏနေတော့ YongBae ဂစ်တာတလက်နဲ့
ဝင်လာပြီး.. ကုတင်ဘေးက ခုံမှာဝင်ထိုင်ပြီး
ပြုံးပြုံးကြိး ကြည့်နေတယ်..Jiyong က Daisy ပန်းစည်းလေးကိုင်ရင်းနဲ့
ပဲ ..." Baby.. ကို်ယ် မင်းကို အရမ်းချစ်တာ မင်းသိ
တယ်မလား..မသိလည်း ကိုယ် အခုပြောပြပါ့
မယ်.. မင်းကို Red Carpet မှာ သီချင်းဆိုရင်း
မြင်ဖူးကတည်းက ကိုယ်သဘောကျခဲ့တယ်..
မင်းအပြုံးလေးတွေ မင်းစိတ်ဓာတ်လေးတွေ
ကိုပေါ့..မင်းကတော့ Idol တယောက်ကို
ကြိုက်ရုံကြိုက်ခဲ့တဲ့ Fanboy တယောက်ဖြစ်ခဲ့
ပေမယ့်..ကိုယ်ကတော့ အဲ့ Fanboy လေးနဲ့
ကော်ဖီတူတူသောက်ခဲ့ရတဲ့နေ့တွေ..အတူတူ
သီချင်းနားထောင်ခဲ့ရတဲ့အချိန်တွေ..ပထမဆုံး
အနမ်းလေးကို ရခဲ့တဲ့အချိန်တွေကတည်းက
အရမ်းချစ်ခဲ့တာပါ..ဒါပေမယ့် ကိုယ့်ကိုယ်ကို
မယုံနိုင်ခဲ့ဘူး..ယောကျာ်းလေးတယောက်ကို
ချစ်သွားလိမ့်မယ်ဆိုတာကိုလေ..ဒီလိုနဲ့ မင်းနဲ့
အတူတူနေလာရင်း တနေ့မှာ မင်းကိုချစ်တဲ့
စိတ်တွေကို ကိုယ့်ကိုယ်ကိုလက်ခံမိတဲ့အချိန်
မှာပဲ ကိုယ် မင်းပုခုံးပေါ်မှာ ငိုခဲ့မိတယ်..
အဲ့အချိန်ကတည်းက မင်းကို ကိုယ့်ဘဝရဲ့
အရာရာတိုင်းနဲ့ လဲပြီးချစ်နိုင်တယ်ဆိုတာ သိခဲ့
ရတယ်..မင်းက ကိုယ့်ဘဝရဲ့ အရာရာတိုင်း
ထက် ပိုတန်ဖိုးကြီးတယ်..Baby.. ကိုယ်တို့
ရက် ၁ရာပြည့်တဲ့နေ့မှာ မင်းကိုတရားဝင်တွဲ
ခွင့်တောင်းပြီး ကိုယ့်ရဲ့အနီးဆုံးလူတွေရှေ့မှာ
မိတ်ဆက်ပေးခဲ့တယ်..မင်းကို ကိုယ့်ဘဝထဲ
ဆွဲခေါ်ခဲ့တာ မင်းကို အရမ်းချစ်လွန်းလို့..မင်း
ထွက်သွားမှာကိုကြောက်လွန်းလို့ပါ..ကိုယ်
မင်းအပေါ် ကြမ်းတမ်းခဲ့တာတွေရှိခဲ့တယ်..
ကိုယ် စိတ်ပူလွန်း စိုးရိမ်လွန်းလို့ဖြစ်ခဲ့တာမို့
ကိုယ့်ကို ခွင့်လွှတ်ပေးပါ.. မနေ့က မင်း ကိုယ့်
ကိုသဝန်တိုတဲ့ပုံစံလေးတွေ..ပြီးတော့ မင်းရဲ့
ပုံစံအမှန်ကို ကိုယ် မြင်လိုက်ရတဲ့အချိန်မှာပဲ
ကိုယ် အရမ်းချစ်မိသွားပြန်တယ်..မင်းရဲ့ အဲ့
လို အမူအကျင့်လေးတွေကအစ ကိုယ်မြတ်နိုး
မိပါတယ် ကလေးရယ်..အဲ့ဒါကြောင့်..မင်း
အတွက် ဒီနေ့ ဒီလိုလေး ပြင်ဆင်ပေးထားတာ
မင်းက ကိုယ့်အတွက်တော့ ဒီ Daisy ပန်း
ပွင့်လေးတွေလိုပဲ..ဖြူစင်တယ် ရိုးစင်းတယ်
ကိုယ် သဘောကျတယ် မြတ်နိုးတယ်..မင်းက
ကိုယ့်ရဲ့ Smiling Face လေး..ကိုယ်ရဲ့ VIP
ကိုယ်ရဲ့ Diasy ပန်းပွင့်လေးပါ.. "