Untitled 2014
Part 11Seungri မေ့လဲသွားလို့ ဆရာဝန်တွေစမ်း
သပ်နေကြတုန်း..Jiyong တို့ အပြင််မှာစောင့်
နေရင်း.." Daesung shi..."
Jiyong က မဝ့ံမရဲခေါ်လိုက်တယ်
Daesungက Seungri ကို စိတ်ပူနေတာမို့
ဘေးမှာ Jiyong တို့ရှိနေတာကို မေ့နေတာ.." ဟုတ်က့ဲ.. "
" Seungri..ဒီနှစ်တွေမှာ ဘယ်လိုဖြစ်ခ့ဲတာ
လဲဟင် "Daesung သက်ပြင်းချလိုက်ပြီး..
" ခင်ဗျား ဘာလုပ်လိုက်လို့ ခင်ဗျားကို သူ့ဘဝ
မှာ ရှိသမျှအကုန်စွန့်လွှတ်ပြီး အရူးအမူးချစ်ခ့ဲ
တ့ဲ Seungri က ကြောက်လန့်တကြားနဲ့
ထွက်ပြေးလာရသလဲတော့မသိဘူး..ခင်ဗျား
ဆီက ထွက်ပြေးလာတ့ဲညမှာပဲ သူ ကားတိုက်
တယ် သတိရလာတော့ ခင်ဗျားနဲ့ပတ်သတ်ခ့ဲ
တ့ဲ ၂ နှစ်လုံးလုံးကို သူမေ့သွားခ့ဲတယ်..
ဆရာဝန်ကပြောတာတော့ အ့ဲ ၂ နှစ်က သူ့
မှတ်ဉာဏ်ထဲမှာ မထားချင်လောက်အောင်ကို
စိတ်ဖိစီးခ့ဲရလို့ နာကျင်ခ့ဲရလို့တ့ဲ မှတ်မိအောင်
တွန်းအားပေးလိုက်ရင်အခြေအနေ ပိုဆိုးလာ
မယ်တ့ဲ.."" အ့ဲတော့..သူ ဒီနှစ်တွေမှာ အတိတ်မေ့နေခ့ဲ
တာပေါ့..ကိုယ့်ကိုမေ့နေခ့ဲတာပေါ့.. "Jiyong ဆို့နင့်နေတ့ဲအသံကို မနည်းထိန်းပြီး
မေးလိုက်တယ်.." ဟုတ်တယ် အ့ဲဒါနဲ့ ကျွန်တော်လည်း သူ့ဖုန်း
ထဲမှာရှိတ့ဲ ခင်ဗျားနဲ့ပတ်သတ်သမျှတွေကို
ဖျက်ပစ်ခ့ဲတယ်..ခင်ဗျားပုံတွေ ခင်ဗျားဖုန်းနံ
ပါတ်တွေ..ခင်ဗျားကိုယ်တိုင် အလိမ်အညာ
တွေနဲ့ စခ့ဲတ့ဲ အ့ဲ account ကိုရောပေါ့..
ဒါပေမယ့် အခုတော့ သူ ပြန်မှတ်မိလာခါနီးပြီ
ထင်တယ်..အခုပဲ ခင်ဗျားနဲ့ချစ်သူဖြစ်ခ့ဲတယ်
ဆိုတာကို သူ မှတ်မိလာပြီး ခေါင်းကိုက်တယ်
ဆိုလို့ ဆေးရုံကိုဆေးလာယူတာ.. "" သူက ကိုယ့်ကို ဘာတ့ဲလဲ..သူ ပြန်မှတ်မိတ့ဲ
အခါ..ကိုယ့်ကို ...."Jiyong က မျှော်လင့်တကြီးနဲ့ မေးတယ်..
Daesung က Jiyong ရဲ့ မျက်နှာကိုတည့်
တည့်ကြည့်လိုက်ပြီး.." လွမ်းတယ်တ့ဲ.. "
Daesung လည်း စိတ်မကောင်းလွန်းလို့ငိုမိ
တယ်.. Jiyong ကို YongBae က စိတ်ထိန်း
ဖို့ တိုးတိုးလေးကပ်ပြောနေတယ်..Jiyong
သူ့ရင်ဘတ်ကို သူလက်နဲ့ဖိပြီး..လဲပြိုကျမသွား
အောင် ထိန်းနေရတ့ဲပုံ..