Part 11

625 33 2
                                    

Untitled 2014
Part 11

Seungri မေ့လဲသွားလို့ ဆရာဝန်တွေစမ်း
သပ်နေကြတုန်း..Jiyong တို့ အပြင်မှာစောင့်
နေရင်း..

" Daesung shi..."

Jiyong က မဝံ့မရဲခေါ်လိုက်တယ်

Daesungက Seungri ကို စိတ်ပူနေတာမို့
ဘေးမှာ Jiyong တို့ရှိနေတာကို မေ့နေတာ..

" ဟုတ်ကဲ့.. "

" Seungri..ဒီနှစ်တွေမှာ ဘယ်လိုဖြစ်ခဲ့တာ
လဲဟင် "

Daesung သက်ပြင်းချလိုက်ပြီး..

" ခင်ဗျား ဘာလုပ်လိုက်လို့ ခင်ဗျားကို သူ့ဘဝ
မှာ ရှိသမျှအကုန်စွန့်လွှတ်ပြီး အရူးအမူးချစ်ခဲ့
တဲ့ Seungri က ကြောက်လန့်တကြားနဲ့
ထွက်ပြေးလာရသလဲတော့မသိဘူး..ခင်ဗျား
ဆီက ထွက်ပြေးလာတဲ့ညမှာပဲ သူ ကားတိုက်
တယ် သတိရလာတော့ ခင်ဗျားနဲ့ပတ်သတ်ခဲ့
တဲ့ ၂ နှစ်လုံးလုံးကို သူမေ့သွားခဲ့တယ်..
ဆရာဝန်ကပြောတာတော့ အဲ့ ၂ နှစ်က သူ့
မှတ်ဥာဏ်ထဲမှာ မထားချင်လောက်အောင်ကို
စိတ်ဖိစီးခဲ့ရလို့ နာကျင်ခဲ့ရလို့တဲ့ မှတ်မိအောင်
တွန်းအားပေးလိုက်ရင်အခြေအနေ ပိုဆိုးလာ
မယ်တဲ့.."

" အဲ့တော့..သူ ဒီနှစ်တွေမှာ အတိတ်မေ့နေခဲ့
တာပေါ့..ကိုယ့်ကိုမေ့နေခဲ့တာပေါ့.. "

Jiyong ဆို့နင့်နေတဲ့အသံကို မနည်းထိန်းပြီး
မေးလိုက်တယ်..

" ဟုတ်တယ် အဲ့ဒါနဲ့ ကျွန်တော်လည်း သူ့ဖုန်း
ထဲမှာရှိတဲ့ ခင်ဗျားနဲ့ပတ်သတ်သမျှတွေကို
ဖျက်ပစ်ခဲ့တယ်..ခင်ဗျားပုံတွေ ခင်ဗျားဖုန်းနံ
ပါတ်တွေ..ခင်ဗျားကိုယ်တိုင် အလိမ်အညာ
တွေနဲ့ စခဲ့တဲ့ အဲ့ account ကိုရောပေါ့..
ဒါပေမယ့် အခုတော့ သူ ပြန်မှတ်မိလာခါနီးပြီ
ထင်တယ်..အခုပဲ ခင်ဗျားနဲ့ချစ်သူဖြစ်ခဲ့တယ်
ဆိုတာကို သူ မှတ်မိလာပြီး ခေါင်းကိုက်တယ်
ဆိုလို့ ဆေးရုံကိုဆေးလာယူတာ.. "

" သူက ကိုယ့်ကို ဘာတဲ့လဲ..သူ ပြန်မှတ်မိတဲ့
အခါ..ကိုယ့်ကို ...."

Jiyong က မျှော်လင့်တကြီးနဲ့ မေးတယ်..
Daesung က Jiyong ရဲ့ မျက်နှာကိုတည့်
တည့်ကြည့်လိုက်ပြီး..

" လွမ်းတယ်တဲ့.. "

Daesung လည်း စိတ်မကောင်းလွန်းလို့ငိုမိ
တယ်.. Jiyong ကို YongBae က စိတ်ထိန်း
ဖို့ တိုးတိုးလေးကပ်ပြောနေတယ်..Jiyong
သူ့ရင်ဘတ်ကို သူလက်နဲ့ဖိပြီး..လဲပြိုကျမသွား
အောင် ထိန်းနေရတဲ့ပုံ..

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now