Untitled 2014
Part 3လေယာဉ်ပေါ်မှာ အိပ်ပြီး လိုက်လာတ့ဲ
Jiyong ကို ကြည့်ရင်း..~ Hyung.. အရမ်းချစ်တာပဲ ကျွန်တော်လေ
Hyung နဲ့နေရတ့ဲ အချိန်တိုင်းကို သဘောကျ
လိုက်တာ..တသက်နဲ့တကိုယ် Hyung အိပ်
နေတာကို ငေးကြည့်ခွင့်ရမယ်လို့ မထင်ခ့ဲမိ
ဘူး..ခုတော့ Hyung ရဲ့ပတ်ဝန်းကျင်မှာ
ကျွန်တော့ကို တရားဝင်ချစ်သူအဖြစ်တောင်
လက်တွဲနေပြီ..ချစ်လိုက်တာ Hyung ရယ်
အရမ်းချစ်တာပဲ..Seungri က Jiyong အိပ်နေတ့ဲပုံလေးကို
ဓာတ်ပုံခိုးရိုက်ထားလိုက်တယ်..Japan ကို ရောက်တော့ ဟိုတယ်မှာ
Jiyong က stadiumကိုမသွားခင် meeting
လုပ်တယ် Jiyongကထိုင်ပြောနေတာတောင်
ဘေးက Seungri လက်ကို ကိုင်ထားတာ..Stuff တဖွဲ့လုံးကအစ GD တယောက် သူ့
ကောင်လေးကို အရမ်းသဲသဲလှုပ်ချစ်နေမှန်း
မြင်နေတော့ ပြုံးစိ ပြုံးစိနဲ့.." ကျန်တာတော့ ပြောစရာမရှိတော့ပါဘူး..
Baby ဘယ်နေရာက ကြည့်ချင်လဲ.. အောက်
ကကြည့်မလား back stage မှာပဲနေမလား "ရုတ်တရက်ကြီးလှည့်မေးလိုက်တော့ ကြောင်
သွားတယ် အကုန်လုံးရှေ့မှာ သူ့ Baby လေး
Concert ဘယ်နေရာက ကြည့်ချင်သလဲဆို
တာကို အရေးကြီးကိစ္စလို ထည့်စဉ်းစားနေတ့ဲ
Jiyong ကိုကြည့်ပြီး.. YongBae ကတော့
အမြင်ကိုကတ်တယ်ဆိုတ့ဲ ပုံနဲ့..Seungri က ဘာပြောရမှန်းမသိဘူး..အမှန်
တော့ ဘယ်နေရာက ကြည့်ကြည့် ရနေတာပဲ
ကို..Hyung ကတော့လေ..ပြီးတော့ သူ့အကျင့်အတိုင်းပဲ သူ့ဘာသာသူ
မေးပြီး.." back stage မှာပဲနေပါ Baby ရယ်..အော
က်ကကြည့်ရင် ကိုယ် မင်းကိုရှာမတွေ့ပဲနေ
လိမ့်မယ် "ဘာပြောလို့ရမှာတုန်း..သူ့နှုတ်ဖျားကထွက်
သမျှတိုင်းက အမိန့်ပဲနော်..ခုချိန်..ဟာ မရဘူး
Baby က အောက်ကကြည့်ချင်တာလို့ သွား
ပြောကြည်ပါ့လား..စိတ်တွေဆိုးလိုက်မယ့်
ဖြစ်ခြင်း.." ဟုတ်..ဟုတ်က့ဲပါ Hyung "
" အင်း.. Top Hyung က Baby ကို တချက်
ကြည့်ထားပေးပါဦး..YongBae ရော "" အေးပါ "
ခဏနေတော့ သူတို့ stadium ထဲသွားကြ
တာပေါ့ Jiyongကတော့ Reharsalတွေလုပ်
Songcheck တွေလုပ်နဲ့ အလုပ်ရှုပ်နေတာ
ပေါ့