Untitled 2014
Part 12Seungri က ကုတင်ပေါ်မှာ နောက်ကိုမှီထိုင်
နေရင်း ပြတင်းပေါက်ကနေ လှမ်းငေးနေတုန်း
Jiyong ဝင်လာတော့..တချက်ကြည့်လိုက်
တယ်..ပြီးတာနဲ့ ဘာမှမပြောပဲ ပြန်လှည့်သွား
တယ်.." Baby..သက်သာရဲ့လား "
Seungri က ပြုံးလိုက်တယ်..နာနာကျင်ကျင်
ပဲ..Jiyong က သူ့ဘေးမှာလာထိုင်တယ်
Seungri က တဖက်ကိုငေးနေရင်းနဲ့ပဲ.." Hyung.. ကျွန်တော်တို့ ဘာလို့တွေ့ခ့ဲကြ
တာလဲဟင်..တကယ်ဆို Yellow Ocean ထဲ
က Fanboy လေးအဖြစ်သာ ရှိနေခ့ဲရင်..
ကျွန်တော့ ရင်တွေ ဒီလောက်စုတ်ပြတ်သတ်
နေမှာမဟုတ်ဘူး.."" Baby...."
" ကျွန်တော်ပြောတာပဲ နားထောင်ပါ..အမြဲ
တမ်း Hyung ဆီက စကားကိုပဲနားထောင်ခ့ဲ
ရတာ..ဒီနေ့တော့ ကျွန်တော်ပြောပါရစေ..
ရမလား.. "" ရပါတယ်.. Baby ပြောပိုင်ခွင့်ရှိပါတယ်..
ဒါပေမယ့် ကိုယ့်မှာလည်း ငြင်းဆိုပိုင်ခွင့်ရှိတာ
မို့..မင်းပြောတာကို ကိုယ်အရင်နားထောင်ပြီး
ရင်..ကိုယ့်ကို ရှင်းပြခွင့်တော့ပေးပါ "" တကယ်တော့လေ..ကျွန်တော်တို့်အချစ်ကို
တွေ့ပြီး..ချစ်ခ့ဲကြတာဟာ..ကိုယ့်သေတွင်းကို
တူးခ့ဲကြတာနဲ့ အတူတူပဲ..Hyung လည်း
ကျွန်တော့ကိုချစ်မိလို့ ပြသနာတွေတက်ခ့ဲရ
တယ်..ကျွန်တော်လည်း Hyung ကိုချစ်မိလို့
ဘဝပျက်ခ့ဲရတယ်..Top Hyung သာမကယ်
ခ့ဲရင်..ကျွန်တော် ခုချိန်.. "Seungri အသံတွေတိမ်ဝင်သွားတော့တယ်
အတိတ်က နာကျင်စရာတွေပြန်သတိရလာ
တာမို့..ပင့်သက်ကိုရှိုက်လိုက်ရင်း.." Hyung..ကျွန်တော် ပျော်ခ့ဲရပါတယ်..
Paris ကို အတူတူသွားတ့ဲအချိန်တွေ..Tour
ကိုလိုက်ပြီး Hyung အနားမှာရှိခ့ဲတ့ဲအချိန်
တွေ..ကျွန်တော် ဘယ်သူလဲဆိုတာကိုမေ့ပြီး
GD ရဲ့ တိတ်တိတ်ပုန်းချစ်သူကောင်လေး
အဖြစ် နေခ့ဲရတ့ဲအချိန်တွေက အရမ်းပျော်စရာ
ကောင်းခ့ဲတာ..ရက် ၁ရာပြည့်တုန်းက ပေးတ့ဲ
လက်စွပ်လေးတွေ..Philippinesမှာလုပ်ပေး
တ့ဲ Daisy ပန်းခင်းလေးတွေ..၁ နှစ်ပြည့်
အမှတ်တရအနေန့ဲ Hyung ဝယ်ပေးခ့ဲတ့ဲ
ကားလေးကတော့ ကျွန်တော် ကားတိုက်မှု
ဖြစ်ပြီး..ပျက်စီးသွားခ့ဲတာကလွဲရင်..Hyung
လုပ်ပေးသမျှ အမှတ်တရအားလုံးကို တန်ဖိုး
ထားပါတယ် "