Part 9

576 31 7
                                    

Untitled 2014
Part 9

" Top.. သူတို့အခြေအနေ ဘယ်လိုလဲ "

YG CEO ရဲ့ ရုံးခန်းထဲမှာ Top တယောက်
ဘာပြောရမှန်းမသိအောင်ဖြစ်နေတယ်..
GD အိမ်မှာ ကောင်လေးတယောက်နေနေ
တယ်..အဲ့ကောင်လေးက GD သွားတဲ့နေရာ
မှန်သမျှကို လိုက်နေတယ်ဆိုတာ CEO ဆီ
ပုံတွေနဲ့တကွ ရောက်လာတဲ့နေ့မှာပဲ..Top
ကို GD ရဲ့ သက်တော်စောင့်အဖြစ် ထားပြီး
စောင့်ကြည့်ခိုင်းခဲ့တာ

အခုလည်း Tour က ပြန်ရောက်တာနဲ့ လှမ်း
ခေါ်ပြီး မေးနေတော့...

" CEO..သူတို့တွဲနေတာဟုတ်ပါတယ်..GD
က အပျော်တွဲနေတာမဟုတ်ဘူးထင်တယ်..
သူ အဲ့ကောင်လေးကို တော်တော်ချစ်နေတာ
ကောင်လေးကလည်း သူမှသူပဲ "

" Top.. ငါ့နေရာမှာဆို မင်း ဒီကိစ္စကိုလက်ခံ
ပေးနိုင်မှာလား.. ငါကိုယ်တိုင်ပြုစုပျိုးထောင်
လာတဲ့လူကိုဘာမဟုတ်တဲ့ကောင်တယောက်
အတွက် မပျက်စီးစေချင်ဘူး.."

" ဒါပေမယ့်..CEO..Dara တုန်းက ဟန်မပျက်
နေနိုင်ခဲ့တဲ့ GD က အခုရောနေနိုင်ပါ့မလား "

" Jiyong က အကုန်ကောင်းတယ် သူ့အတ္တ
စိတ်ရော မာနရော သူနဲ့အရမ်းလိုက်ဖက်တာ
ဒါပေမယ့် သူ့ အားနည်းချက်တခုက ဘာလဲ
သိလား.. G Dragon ဘဝကို သူ ဘယ်တော့
မှ စွန့်လွှတ်နိုင်မှာမဟုတ်ဘူး..သူ ခဏတော့
အသည်းကွဲချင်ကွဲနေလိမ့်မယ်..သီချင်းမရေးပဲ
သီချင်းမဆိုပဲ သူ မနေနိုင်ဘူး..အားနည်းချက်
က ငါ့မှာရှိနေပြီပဲ..အဆင်ပြေသွားမှာပါ..
အချိန်ပဲလိုတယ် "

" ကျွန်တော်ကတော့.. "

" ငါ့ဆုံးဖြတ်ချက်ကို မင်း ဘာမှဝင်ပြောစရာမ
လိုဘူး..မင်းက ငါခိုင်းတဲ့အတိုင်း လုပ်ရုံပဲ "

" CEO..ဘယ်လိုလုပ်မှာလဲ "

" သူ့ကောင်လေးက သူ့ခြေထောက်နဲ့သူ
Jiyong အနားက ထွက်သွားအောင်လုပ်ရ
မှာပေါ့ "

Top သက်ပြင်းချလိုက်မိတယ်..GD ထက်
Seungri လေးကို ပိုစိတ်ပူမိနေတယ်..
ဒီကလေး ခံနိုင်ရည်မှရှိပါ့မလား..

" Hyung... "

အပြင်ကပြန်လာတဲ့ Jiyong ကို Seungri
ပြေးကြိုပြီး ဖက်လိုက်တယ်..

Tour ပြန်လာမှ သူတို့ချင်း ပိုရင်းနှီးလာပြီး
Jiyong ကတော့ အပြင်ထွက်တာကလွဲရင်
Seungri ကို အကုန်အလိုလိုက်တာမို့
သူတို့ချင်း အရမ်းအဆင်ပြေနေကြတာ..

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now