Untitled 2014
Part 5" ဟုတ်တယ်..GD က Dara ကို အရူးအမူးပဲ
ကြိုက်ခဲ့ရှာတာ..Dara စားဖို့ ချောကလက်
လေးတွေ ဝယ်ပေးတယ်..Shooting ထိလာ
ပြီး မုန့်တွေဝယ်ကျွေးတယ် "" ဒါပေမယ့်..သူတို့နှစ်ယောက် မတွဲခဲ့ကြဘူး
မလား "" ဟုတ်တယ်..တွဲလို့မရဘူးလေ.. CEO က
အချင်းချင်းမတွဲရဘူးလို့ စည်းကမ်းထုတ်ထား
တာကိုး "" သနားပါတယ်ဟယ်.. "
" ဒါပေမယ့်လေ..GD က Dara ကို သီချင်း
ရေးပြီး လက်ဆောင်ပေးသေးတယ်တဲ့..Dara
လည်း သနားပါတယ်.. GD နဲ့တွဲရင် အထုတ်
ခံရမှာစိုးလို့နေမယ် "" အေးပေါ့..စိတ်မကောင်းလိုက်တာ "
" အဲ့နောက်ပိုင်း..GD က အကုန်ပတ်တွဲနေ
တော့တာပဲ..တွဲကာစကတော့ အမလေး ချစ်
လိုက်တာ သူ့အပြင်လူမရှိဘူး..ပြီးတော့ ပြတ်
တာပါပဲ "" အခုတွဲနေတာ ကောင်လေးနော်..GD က "
" ဟုတ်ပ..အဲ့ကောင်လေးလည်း ဘယ်ချိန်ထိ
ခံမလဲ မသိဘူး "" ကောင်လေးကိုတော့ တော်တော်ချစ်ရှာပါ
တယ်..အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ "" ကောင်လေးကလည်း အရမ်းကပ်နေတာကို
GD ကတော့ အဲ့တိုင်းပါပဲ..Kiko တုန်းကဆို
ဘယ်သွားသွားခေါ်တာ ပြတ်တာပါပဲ "Seungri လှည့်ထွက်လာခဲ့လိုက်တယ်..
Makeup room ထဲက stylist Noona
တွေ ပြောနေတဲ့အတင်းကို မတော်တဆကြား
မိတာနဲ့ စိတ်ညစ်မိတယ်...~ Hyung.. ကျွန်တော့်ကိုထားခဲ့မှာလား
ကျွန်တော် တခုခုမှားတာနဲ့ အရင်တုန်းက EX
တွေလို ထားပစ်ခဲ့မှာလားဟင်..Jiyong ကတော့ Stage ပေါ်မှာ ဖြေဖျော်ပြီး
တော့ VIP တွေကို နှုတ်ဆက်နေတယ်..
Seungri လှမ်းကြည့်ရင်း..~ Hyung ရယ်..ဖြူဖြူစင်စင် Fanboy ဘဝ
လေးကို လွမ်းလိုက်တာ..ငေးကြည့်နေရုံဆို
ပေမယ့် ခုလိုစိတ်မညစ်ရဘူးပေါ့..ကျွန်တော့်အဖြစ်ကလေ..ကောင်းကင်က
နေမင်းကြီးကို ကြည့်နေရတာနဲ့တင် မတင်း
တိမ်ပဲ အနီးကပ်သွားဖို့ ကြိုးစားနေမိလို့
Hyung နဲ့ နီးကပ်လာလေ ပူလောင်ရလေ
ဖြစ်နေရပြီထင်ပါတယ်