" ကိုယ်တော်လေးရေ ထပါတော့ခင်ဗျာ.."
YongBae ရဲ့စိတ်ပျက်လက်ပျက်နိုးနေတ့ဲအသံ
ဘယ်နှစ်ခါနိုးနေရမှန်းကို မသိတော့ဘူး။ ရိုးရိုး
နိုးတာမရလို့ စိတ်ညစ်ပြီးကုတင်ခြေရင်းကနေ
ထိုင်အော်နေလိုက်တော့တယ်။" GD ya..မင်းကို မနက်တိုင်း ဒီလိုနိုးပေးနေရ
တ့ဲ ဒုက္ခကြီးကနေ ကင်းဝေးပါရစေဆိုပြီးတော့
ဘုရားမှာဆုတောင်းနေရတယ်..သိရဲ့လား.."YongBae က အသံပြဲကြီးနဲ့ ထအော်လိုက်မှ..
ကုတင်ပေါ်က နဂါးကောင်က လူးလွန့်လာပြီး" ဘာလဲ..အစောကြီးရှိသေးတာကို.."
" မစောတော့ဘူးဟ..နေ့လည် ၁၁နာရီရှိနေပြီ
ထတော့..မနက်စာလည်း မစား..နေ့လည်စာ
လည်း မစား..မလုပ်ပါနဲ့ကွာ..ပင်ပန်းနေရတာ
ကို ကျန်းမာရေးထိခိုက်လိမ့်မယ်.. "မိဘနဲ့ တဦးတည်းသောအမကလွဲရင်..ဒီကမ်ဘာ
ပေါ်မှာ..YongBae လောက် သူ့ကိုဂရုစိုက်ပေး
တ့ဲသူ မရှိတော့ဘူး။ပွစိပွစိနဲ့ ပြောတတ်တာကလွဲရင် သူ့အပေါ်ကို
အသေးအဖွဲလေးတွေကအစ ဂရုစိုက်ပါတယ်။
အ့ဲဒါကြောင့်လည်း..YongBae က အနိုင်ကျင့်
လို့ ကောင်းတာလေ။ ဘယ်လောက်ပဲ ဂျီကျလို့
စိတ်ရှုပ်ပါတယ် အော်အော်..စိတ်လိုလက်ရနဲ့
အလိုလိုက်ပေးတတ်တယ်။မကောင်းတာမလုပ်မိအောင် ဇွတ်အတင်းတွေ
တားပေးတတ်တာကလွဲလို့ပေါ့။" ဒီနေ့ အိမ်မှာမစားချင်ဘူး.."
GD က ကုတင်ပေါ်ကမဆင်း..မျက်လုံးတောင်
မဖွင့်ပဲ ပြောနေတာ။" အိမ်မှာမစားချင်ရင်..YG Cafeteria မှာ သွား
စားမယ်လေ.."" အာ..တော်ပါကွာ..မရှိမ့ဲ ရှိမ့ဲ အနားရတ့ဲရက်
လေးတော့ မသွားပါရစေနဲ့ Yong Bae ရာ.."" ရွဲ့ပြောနေတာဟေး ရွဲ့ပြောနေတာ..ထစမ်းပါ
ကွာ..ညနေပိုင်းကျရင်လည်း ပွဲတက်ရဦးမှာကို
စားပြီးတာနဲ့..Stylist နဲ့ ဝတ်စုံFitting သွားချရ
မှာ..မြန်မြန်လုပ်.."" အင်းပါ.."
GD မထချင်..ထချင်နဲ့ ထလာပြီးတော့..အရင်
ဆုံး Laptop ကို ဖွင့်ကြည့်လိုက်တယ်။