Untitled 2014
For You 😃Stage အပြင်အဆင်ကလည်း G Dragon ရဲ့
Stage မို့လို့လားပဲ..ကြက်သီးထလောက်စရာမီးတောက်တွေ တောက်နေတဲ့နောက်မှာ..
တကိုယ်လုံး အနက်ရောင်ဝတ်ထားတဲ့ GD
ဦးထုပ်အနက်ရောင်နဲ့..ဘုရားသခင်..ဒီလူသားဟာ ဘာလို့ဒီလောက်
တောင် ပြီးပြည့်စုံလွန်းနေရတာလဲ..မျက်နာကို စည်းထားတဲ့ ပဝါစကို ဆွဲဖြုတ်ချ
လိုက်ပြီး..This is my coup d'etat...
သီချင်းသံတွေရဲ့ကြားမှာ.. VIP တွေ အကုန်
စီးမျောလိုက်ပါရင်း.. Fan Chant ကို ပြိုင်တူ
အော်ဆိုနေကြတယ်..Stage Performance ကြီးက သေလောက်
တယ်..အင်း.. Seungri ကတော့ အရင်လိုသာဆို
ရှေ့ဆုံးကနေ အကျယ်ဆုံးဆိုမှာဖြစ်ပေမယ့်..
အခု Stage ပေါ်က G Dragon ဟာ..သူနဲ့
အနီးဆုံးမှာရှိနေပြီး..ဝေးနေတယ်လို့ ခံစားမိ
နေရတယ်..Hyung ရဲ့ လှုပ်ရှားမှုတိုင်းဟာ..ကျွန်တော့
အတွက်ပဲဖြစ်စေချင်နေသလို.. Hyung ရဲ့
သီချင်းသံတိုင်းကိုလည်း ကျွန်တော်ပဲကြားနေ
စေချင်တယ်..အရင်ကတော့ အားလုံးရဲ့ G Dragon ဆိုပြီး
အားပေးခဲ့ပေမယ့်..အခုတော့ ကျွန်တော့ရဲ့
G Dragon ပဲ ဖြစ်စေချင်မိတယ်..Hyung.. နှစ်ယောက်ကမ္ဘာလေးထဲနေချင်
တယ်ဆိုရင်.. လောဘကြီးတယ်လို့များ..
အပြစ်တင်ကြမလား..အခု ကျွန်တော်လေ.. Hyung ကို ရင်ခွင်ထဲ
ထည့်ထားပြီး..ဖွက်ထားလိုက်ချင်မိတယ်..Stage ပေါ်က Hyung က..ဒီ VIP တွေကြား
မှာ.. ဘယ်လိုလုပ်မြင်ပါ့မလဲနော်..ကျွန်တော်
က မြင်နေရပေမယ့်.. ကျွန်တော်က ကြည့်နေ
ပေမယ့်.. Hyung က ကြည့်လည်းမမြင်ရတဲ့
နေရာကမို့ပေါ့..Hyung က ပုလ္လင်ပေါ်က ဘုရင်လေ..
Stage ပေါ်က King တယောက်ပါ..
ကျွန်တော့ကို မမြင်တာ မဆန်းပါဘူး..Hyung ရယ်.. ဘာလို့များ..ကျွန်တော့ကို
သဘောကျခဲ့ရတာလဲ
ကျွန်တော်လေ..အခု ဝမ်းနည်းနေရပြီ..အရင်ကလို Idol ကို ချစ်တဲ့ Fan တယောက်
GD ကို ချစ်တဲ့ VIP တယောက်မဟုတ်တော့
ပဲ.. ချစ်သူကို မော့ကြည့်နေတဲ့ ကောင်လေး
ဖြစ်နေပြီ.. Hyung ရဲ့..