Untitled 2014 (U)

744 39 1
                                    

Untitled 2014

ငါ့ဆီကိုပြန်လာပေးဖို့က.. ပင်ပန်းပြီး ခက်ခဲနေမယ်ဆိုတာ သိပါတယ်..

ဒီ့ထပ်ပိုနာကျင်ရမှာတွေကို.. ကြောက်ရွံ့ပြီး မုန်းတီးနေမယ်ဆိုတာကိုလည်း သိပါတယ်..

မင်း ထွက်သွားခ့ဲတ့ဲနေ့တုန်းက.. ကြမ်းတမ်းတ့ဲစကားတွေနဲ့ မင်းကို ငိုစေခ့ဲမိတာ

ပြန်လှည့်ကြည့်မိတ့ဲအချိန်တိုင်း နောင်တရမိတယ်.. တောင်းပန်ပါတယ်..

ကျေးဇူးပြုပြီး.. တခါလောက်လေးပဲဖြစ်ဖြစ်..

Piano ခလုတ်တွေပေါ်မှာ ပြေးလွှားလို့နေတ့ဲ
လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေရဲ့
စေခိုင်းရာ အဆိုတော်တယောက်..
သူ့နှလုံးသားတခုလုံးကို ပုံအောထားပြီး သီဆို
နေရှာတယ်။

အသံတွေကကွဲအက်နေတာမို့..
သူ့နှလုံးသားမှာလည်း ဘယ်လောက်ခံစားနေ
ရမယ်ဆိုတာ သိသာလွန်းနေတာမို့..
နားဆင်သူပရိသတ်တွေခမျာလည်း သက်ပြင်း
တချချနဲ့ရယ်ပေါ့။

လက်ဖျားကတီးခတ်နေတ့ဲသံစဉ်တွေက..
နှုတ်ခမ်းဖျားကထွက်လာတ့ဲစာသားတွေက..
ရှောင်ပုန်းပြီး ပြန်မလာတော့တ့ဲ ကောင်လေး
တယောက်ကို ပြန်လာပေးဖို့ ခခယယ
တောင်းပန်နေတ့ဲအတိုင်း။

ကိုယ်တိုင်ရေးစပ်သီကုံးထားတ့ဲ ဒီသီချင်းကို
သူသီဆိုတ့ဲအချိန်တိုင်း..ရင်ဘတ်ထဲကအနာတရ
တွေက အသစ်ပြန်ဖြစ်လို့လာပေမယ့်..
သွေးတိတ်နေတ့ဲဒဏ်ရာကို ဓားနဲ့တခါပြန်ခွဲရ
သလို နာကျင်နေပေမယ့်..
မျက်ရည်တွေကြားက သီဆိုနေမိပြန်တယ်။

~ ပြန်လာခ့ဲပါတော့ baby ရယ်.. ကိုယ့်ကို
မသနားတော့ဘူးလား.. မင်းရဲ့အငွေ့အသက်
လေးတွေ ကို ကိုယ်လွမ်းလှပြီ..
Daisy ပန်းစည်းလေး ဝယ်ထားတယ်..
မင်းကြိုက်တ့ဲအရောင်တွေနဲ့ ပန်းချီ တွေလည်း
ဆွဲထားတယ်..

~ ကိုယ့်ဆီကို ပြန်လာပေးပါတော့ Seungri
ဒီသီချင်းလေးကိုကြားရင်..
မင်း နားထောင်နေ တယ်ဆိုရင်ပေါ့.. 

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now