18 (U)

382 20 0
                                    

Untitled 2014
Part 18

~ Kwon Jiyong..ခင်ဗျား ဘယ်တွေပျောက်
နေပြန်တာလဲ..

Seungri ကျောင်းကိုသွားခါနီး အရင်လို
ခေါက်ဆွဲဆိုင်ကိုမလာတော့တ့ဲ Jiyong ကို
လွမ်းနေမိတယ်..

ရောက်များလာမလားဆိုပြီး မသိမသာစောင့်
နေမိသေးတယ်..နောက်ဆုံး မလာနိုင်တာနဲ့ပဲ
ကျောင်းကို စိတ်မပါလက်မပါနဲ့ ထွက်လာခ့ဲ
ရင်း..

~ မနေ့ညကတုန်းကကျ ပေါက်ထွက်အောင်
ကိုက်ထားတ့ဲကြားကကိုမလွတ်တမ်းနမ်းသွား
ပြီးတော့များ..သွေးတွေတောင်ထွက်လို့..
ကိုက်လို့စိတ်ဆိုးနေတာများလား သူ့အလှည့်ကျ နည်းနည်းမှကိုအနာမခံဘူး..တကယ်စိတ်
ဆိုးနေတာများလား..

ဟာ...သူ့ဘာသာသူ စိတ်ဆိုးရုံမကလို့ ဘာ
ဖြစ်ဖြစ် ငါနဲ့မှမဆိုင်တာ..ဂရုစိုက်မနေဘူး..

ကျောင်းရောက်တော့လည်း အရင်လို ဘာ
Surprise တွေများ လုပ်ထားမလဲဆိုပြီး
မသိစိတ်က မျှော်လင့်မိနေပြန်တယ်..
ဘာမှလည်း မရှိဘူး..

~ Kwon Jiyong.. အခု ခင်ဗျား နမ်းတာခံ
လိုက်တာနဲ့တင် ဘာမှလုပ်ပေးစရာမလိုတော့
ဘူးလို့ တွေးနေပြီပေါ့..ဂါး......အခု ခင်ဗျားက
လာချေပြနေတာလား.. အချော့ခံလို့တောင်
မဝသေးဘူး..ချီးထုပ်ကြီးရဲ့

Seungri တမနက်လုံး ဆူဆောင့်အောင့်ပြီး
စာသင်နေရင်းတောင် စိတ်မကြည်..

~ သူများကိုဖက်လည်းဖက်တယ် နမ်းလည်း
နမ်းသွားတာတောင် လာမချော့ဘူး..
နည်းနည်းလောက်လျော့တာနဲ့ အရင်ပုံစံ
အတိုင်းပဲ..စိတ်တိုလိုက်တာ..

" ကျောင်းသား.. Lee Seungri shi...
ကျောင်းသား.. Lee Seungri.. "

အခန်းထဲက စပီကာကနေ အသံထွက်လာ
တော့ အကုန်လုံးလန့်ဖြန့်သွားကြတယ်..

" Lee Seungri..ခုချက်ချင်း ကျောင်းသားရေး
ရာဌာနကို လာခ့ဲပေးပါ "

သူလည်း ကြောင်တောင်တောင်နဲ့ဖြစ်နေပေ
မယ့် တချို့တွေက ပြုံးစိစိ.. Lee Seungri ဆို
တာနဲ့ကို တခုခုဆိုတာ သိနေကြပြီ..

ဆရာက " Seungri.. သွားလေ..မင်းကိုခေါ်
နေတာမလား..လာချော့တယ်ဆိုရင်လည်း မူ
မနေနဲ့တော့..ငါတို့ ပေါင်မုန့်လည်းမစားချင်
တော့ဘူး..ကြိုးတွေလည်းမပတ်ချင်တော့ဘူး
Daisy ပန်းတွေလည်း မမြင်ချင်တော့ဘူး.."

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now