Untitled 2014
If it's you..အဲ့နေ့ညက GD က Seungri ကို အဆောင်
ထိပြန်လိုက်ပို့ပေးခဲ့တယ်..ကားပေါ်မဆင်းခင်.. Seungri က နှုတ်ဆက်
တော့.. Good night လို့ ပြောလိုက်တာ
လေးကို အာရုံထဲမှာ တသက်လုံးစွဲနေတော့
မယ်ထင်ပါတယ်..~ ဒါ.. ဘယ်လို ကံတရားများလဲ.. VIP တွေ
အများကြီးထဲမှာမှ.. ငါ့ကိုမှတ်မိနေပြီး..ခုလို
တွေ့ခွင့်ရတာ..Jiyong Hyung ကြောင့်မို့..
အဲ့ Manager Hyung နဲ့ စပြီး chat တဲ့နေ့
ကတည်းက..ဒီလိုတွေဖြစ်ရတာ..ကျေးဇူးတင်
လိုက်တာနော်..Seungri.. ကုတင်ပေါ်မှာ ပက်လက်လှန်ပြီး
ပြန်တွေးရင်း..ကြည်နူးတာလိုလို..အပျော်လွန်
လို့ ရူးချင်သလိုလိုတောင် ဖြစ်နေမိတာ..ချစ်ရတဲ့ Idol နဲ့..တွေ့ခွင့်ရပြီး ရင်ထဲကစကား
တွေပြောပြလိုက်ရဖို့..ဖက်ထားခွင့်ရဖို့ဆိုတာ
က သဲကန္တာရထဲ အိုအေစစ်ရှာရသလို ခက်ခဲ
တယ်လေ..အခုတော့..ကျွန်တော်လေ..အိုအေစစ်လေး
ရှာတွေ့ခဲ့ပြီ Nunaa တို့ရယ်..ကျွန်တော်ရင်
ထဲကိုခွဲပြလို့..ရရင် ပြလိုက်ချင်တယ် သိရဲ့
လား..ဘယ်လိုတွေပျော်နေသလဲဆိုတာကို
လေ..သေချာတယ်..ညတုန်းက ပြုံးပြုံးကြီး အိပ်ပျော်
သွားတယ်ဆိုတာ..အိမ်မက်ထဲမှာတောင် ပြုံးနေမိတာမို့..
×××××
~ Seungri.. မင်းတော့ ရင်ခုန်နေမလား..
ပျော်နေမလားမသိပေမယ့်.. ကိုယ်တော့..မင်း
နဲ့တွေ့ရတာ.. သဘောကျတယ်..မင်းရဲ့ အသံချိုချိုလေးတွေရယ်..အပြုံးနုနုလေး
တွေရယ်..အရမ်းချစ်ဖို့ကောင်းတာပဲ..
ကိုယ့်ရဲ့ Fanboy လေး..Seungri ဝယ်တိုက်လိုက်တဲ့ Coffer ဗူးပေါ်
မှာ.. VIP Crown ပုံလေးကို ဆော့ပင်နဲ့ဆွဲ
ရင်း ပြုံးနေမိပြန်တယ်..စိတ်ထဲမှာ အာရုံရတာနဲ့ပဲ..ဓာတ်ပုံလေးရိုက်
ယူထားပြီး.. IG မှာ ..Thanks for your LOVE and COFFEE
ဆိုတဲ့ caption လေးနဲ့ ကော်ဖီဗူးပုံလေးကို
တင်လိုက်ပြီး.. အိပ်ရာပေါ်လှဲပြီး အိပ်လိုက်
တော့တယ်..မအိပ်ခင်ကို နားထဲမှာ.. Oppa
လို့မှားခေါ်လိုက်တဲ့ အသံလေးကို ပြန်ကြားမိ
တာနဲ့ပဲ..အလိုလိုနေရင်း..ပြုံးမိပြန်တယ်..