Untitled 2014
Lee SeungriGet Your Crayon....
Ringtone တောင် ဆုံးအောင်မမြည်ရသေး
ခင်..Seungri မှာ ချက်ချင်းဖုန်းကိုင်လိုက်ပြီး.." Oppa..."
" အင်း..Baby.. ကိုယ်.. "
" စိတ်မဆိုးပါနဲ့နော်.. Baby ဖုန်းက ဘာဖြစ်
သွားမှန်းမသိဘူး..သူ့ဘာသာသူတွေ ပိတ်
သွားတာမို့ပါနော်.. Oppa "" ဖြည်းဖြည်းပြောပါ ကိုယ့်ကလေးလေးရယ်
မနေ့ညကတော့ ကိုယ်လည်း စိတ်ပူသွားတာ
မင်းအဆောင်တောင် လာခဲ့မလို့ပဲ..ဒါပေမယ့်
အရမ်းပင်ပန်းနေလို့ အိမ်ပဲ ပြန်လိုက်တာ..
မနက်က Baby ပို့တဲ့ Message တွေ ဖတ်ပြီး
ပါပြီ..စိတ်မဆိုးဘူး ဟုတ်ပြီလား.."" ဟုတ်.. Oppa "
" ကိုယ့် Baby လေး..အခု ဘယ်မှာလဲ..ကိုယ်
တွေ့ချင်လို့ လာခေါ်မယ်နော်..ရတယ်မလား "" ကျောင်းမှာ..Baby လာခဲ့ပါ့မယ်.. Oppa
တကူးတက လာခေါ်နေရလိမ့်မယ်.. "" Baby.. ဘယ်သွားချင်လဲ..ဘာလုပ်ချင်လဲ "
မေးပြန်ပြီ..ပြီးတော့ သူပဲ ဆုံးဖြတ်မှာပဲကို..
ဘယ်သွားလို့ ရမှာကျနေတာပဲ..လူမြင်လို့
မဖြစ်တဲ့ Celebrity ကြီးကများ.." ရပါတယ်.. Oppa ရဲ့..ဘယ်ကိုပဲဖြစ်ဖြစ် "
" ကိုယ်တို့ ဟိုတယ် တခုခုမှာ ရေသွားကူးကြ
မလား.."" ဟုတ်..ကောင်းသားပဲ "
" ကိုယ်ပဲ လာခေါ်ပါ့မယ်..ကျောင်းမှာစောင့်
နေနော်..ရောက်ခါနီးရင် ဖုန်းဆက်မယ် "" ဟုတ်.. Oppa "
ဖုန်းချသွားတော့မှပဲ Seungri တယောက်
ရင်ထဲက အလုံးကြီးကျသွားတော့တယ်~ တော်သေးတယ်..ရွှေစိတ်တော်မငြို ငြင်လို့
ကျောင်းရှေ့က ခုံတန်းလေးပေါ်မှာ နားကြပ်
လေးတပ်ပြီး..ချစ်ရတဲ့သူ လာခေါ်မှာကိုစောင့်
နေရတဲ့ အချိန်လေးဟာ စိတ်ချမ်းသာစရာ
ကောင်းလိုက်တာ..သူနဲ့ မတွေ့ရတဲ့နေ့တွေ..
သူ မဆက်ဖြစ်တဲ့ဖုန်းတွေ..
သူ မပို့ဖြစ်တဲ့စာတွေအတွက်
ဝမ်းနည်းနေခဲ့တာတွေက..လေနဲ့အတူ လွှင့်ပါ
သွားပြီထင်ပါရဲ့..