Untitled 2014
Part 1" Jiyong... Jiyong ထပါဦးကွာ..ဘာလို့
မတရားတွေ သောက်နေတာလဲကွာ..ငါ
တကယ်စိတ်ညစ်လာပြီ..မင်း ဒီပုံစံအတိုင်းဆို
သေတော့မှာပဲ "Night Club တခုမှာ မူးပြဲကွဲနေတ့ဲ YG က
G Dragon..Dating rumors တွေကလည်း အရင်လို
ဗရပွ..Club တက် အရက်သောက်ပြီး
Idol Image ကို လုံးဝဂရုမစိုက်တော့တ့ဲသူမူးကွဲနေတာတောင် အာလေးလျှာလေးနဲ့
" Seungri... Lee Seungri .."
YongBae မှာ အမြန်ပါးစပ်ပိတ်လိုက်ရတယ်
Jiyong ရယ်..ငါပြောခ့ဲသားပဲ မင်းအသည်း
ကွဲပြီးကျန်နေခ့ဲမယ်ဆိုတာ..မင်းက ငါ့စကားမှ
နားမထောင်တာ..အခု မင်းတို့တွေ ဘယ်လို
တွေ ဖြစ်ကုန်ကြတာလဲကွာ..တယောက်က
လည်း ဘယ်ပျောက်လို့ပျောက်နေမှန်းမသိရ
တယောက်ကလည်း နေ့ဆိုအကောင်း...
သီချင်းတွေရေးလိုက် ဆိုလိုက်..ညကျမှ ထထ
ဖောက်လာတာ.." YongBae ya..Jiyong မတရားမူးနေပြီ
ပြန်ပို့ရအောင်..ငါ ပွေ့ခ့ဲလိုက်မယ် "" ကျေးဇူးပဲ.. Top Hyung "
မူးနေတ့ဲ Jiyong က ကားနောက်ခန်းထဲမှာ
အိပ်နေလျှက်သား.." YongBae Ya..Jiyong က ခုထိအသား
မကျသေးဘူးလားကွာ "" Seungri နဲ့ အတူတူနေခ့ဲတာ ၁ လ ၂ လ မှမဟုတ်တာပဲ..Hyung ရယ် "
" သူတို့နှစ်ယောက်ကလည်း ဘယ်လိုဖြစ်ကြ
တာလဲ..ငါ အလုပ်ဝင်တော့ကို အဆင်ပြေနေ
တာပါ.. Seungri လေးကလည်း အရမ်းချစ်
Jiyong ကလည်း အရမ်းချစ်နေကြတာကို "" အ့ဲ ချစ်တာကပဲ ပြသနာပဲပေါ့..Seungri
ချစ်တာကလည်း တမျိုး..သူ့မှာ ဘဝမရှိတော့
သလိုကို ချစ်တာ..Jiyong ချစ်တာကြတော့
လည်း အရမ်းကြောက်ဖို့ကောင်းတာ "" ငါတော့..အ့ဲဒါတွေမသိခ့ဲဘူး..ငါမြင်တာက
တော့ သူတို့ သိပ်ချစ်ကြတာပဲ.. မှတ်မှတ်ရရ
Jiyong အိမ်ကို ငါ စရောက်တ့ဲနေ့ကပဲ..."×××××
လွန်ခ့ဲသော ၃ နှစ်က...
" Baby..ရော့ ဒီမှာ.."
Daisy ပန်းစည်းလေး.. ဖွေးနုနေတာပဲ..
" Hyung.. Baby ကို ပန်းပေးနေတာလား
Baby က မိန်းကလေးမှမဟုတ်တာကို "