14 (U)

271 17 0
                                    

Untitled 2014
Part 14

Countdown 95 days

Baby..ကိုယ်တို့ အမှတ်တရလေးတွေကို
မေ့မပစ်ပဲ အသစ်တွေကို အတူတူဖန်တီးကြရ
အောင်ပါ..ဒဏ်ရာရနေတ့ဲ မင်းနှလုံးသားလေး
ကို ကိုယ် ကုစားပေးမယ်..

မင်းအပြုံးလေး တခါ ထပ်မြင်ရဖို့်အရေး..
ကိုယ် ဘာတွေပဲ ပေးရ ပေးရ..
ပေးဆပ်ဖို့ ကိုယ် အဆင်သင့်ဖြစ်နေပါပြီ

Jiyong သူ့ ဒိုင်ယာရီ စာအုပ်လေးကို ပိတ်
လိုက်ပြီး သက်ပြင်းချလိုက်တယ်..

" YongBae..မနေ့က Seungri က ဘာပြော
သေးလဲ.. "

YongBae က Top ကို လှမ်းကြည့်လိုက်
တယ်..Top က စိတ်မကောင်းတ့ဲပုံနဲ့..

" မနေ့က သူ့ကိုတွေ့ပြီး..ငါတို့ ရှင်းပြလိုက်ပါ
တယ်..ဆေးကိစ္စရော Dara ကိစ္စရော CEO
သက်သက် အကွက်ဆင်ပြီးလုပ်ခ့ဲတာဆိုတာ
ကို..ဒါပေမယ့်..Seungri လေးက အ့ဲဒါတွေ
ကို သူ သိတယ်..သူ ရိပ်မိပါတယ်တ့ဲ..မင်းက
တော့ တမင်လုပ်တာ မဖြစ်နိုင်ဘူးပေါ့..အခု
သူ အ့ဲတာတွေ မေ့ထားပြီး နေလာခ့ဲပြီးမှ ပြန်
မှတ်မိလာတော့ စိတ်ထိခိုက်သွားပုံပဲ ပြီးတော့
မင်း သူ့အပေါ်အရမ်းနိုင်စားခ့ဲတာကိုတွေးရင်း
စိတ်ပျက်လက်ပျက်ဖြစ်နေတာ..မင်းကိုမေ့ပြီး
အေးအေးဆေးဆေးနေခ့ဲရတ့ဲ နေ့ရက်တွေကို
သဘောကျတယ်တ့ဲ..သူ့ဘဝကိုသူပြန်ရလိုက်
ရတယ်တ့ဲ..မင်းဆီကိုပြန်လာဖို့က.... "

" ငါ့ကို အရမ်းကြီးမုန်းနေတာတော့ မဟုတ်ပါ
ဘူးနော်.. "

" သူ မင်းကို မမုန်းပါဘူး..မင်း ကိုကြောက်နေ
တာ..သူ ထွက်ပြေးလာတ့ဲနေ့က မင်း သူ့ကို
Dara ရှေ့မှာရိုက်တာရော..ဟိုတယ်ခန်းထဲ
မှာ သောင်းကျန်းတာတွေကို ပြန်ပြန်တွေးပြီး
မင်းဆီကို ပြန်လာရမှာကြောက်နေပုံပဲ "

Jiyong သက်ပြင်းချလိုက်မိပြန်တယ်..

" ငါ..ဘယ်လိုလုပ်ရမလဲ.. သူ ငါ့ဆီပြန်လာ
အောင် ငါ ဘာလုပ်ရမလဲ..ပြောကြပါဦး "

YongBae က စဉ်းစားသလိုပုံနဲ့..

" သူတို့ဆိုင်နဲ့ ကျောင်းက နီးနီးလေးရယ်..သူ
စက်ဘီးနဲ့သွားတာ..မင်း သူ့ကို ခုမှစတွေ့ဖူးတ့ဲ
သူလိုမျိုး အစကနေ ကြိုးစားကြည့်ပါလား..သူ
ကြောက်တ့ဲ မင်းပုံစံတွေကို ထားခ့ဲပြီး..မင်းရင်
ထဲ အချစ်တွေကို ထုတ်ပြသင့်ပြီ "

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now