Part 7

632 33 2
                                    

Untitled 2014
Part 7

" အား..... "

Seungri ရဲ့ ငယ်သံပါအောင် အော်လိုက်တဲ့
အသံ..

အိပ်ပျော်နေတဲ့ Jiyong တောင်လန့်နိုးသွားပြီး

" Baby.... "

ဘယ်ကအော်လိုက်မှန်းမသိဘူး..သူ့အခန်းထဲ
မှာ မရှိမှပဲ..ဧည့်ခန်းမထဲကို အမြန်ပြေးဝင်
လိုက်တယ်..

ဆိုဖာပေါ်မှာကတုန်ကယင်နဲ့ဆောင့်ကြောင့်
လေးထိုင်နေတဲ့.. Seungri..သူ့ကိုလည်းမြင်
ရော...

" Hyung... အဟင့်.. "

" ဘာဖြစ်တာလဲ..Baby ဘာဖြစ်လို့လဲ "

" ကြွက်.. ခုနက Laptop သုံးနေတုန်း ကြွက်
က ခြေထောက်ပေါ်က ဖြတ်ပြေးသွားတာ "

ငိုမဲ့မဲ့နဲ့ လာပြောနေတဲ့ ကလေးလေးကိုကြည့်
ပြီး ရယ်ချင်သွားတော့တယ်..

" ဘာများဖြစ်တာပါလိမ့်လို့..လန့်သွားတာပဲ
Baby ရယ် ..ကြွက်ကိုအဲ့လောက်ကြောက်ရ
လား...ယောကျာ်းမဟုတ်တာကျနေတာပဲ "

Seungri က နှုတ်ခမ်းလေးထော်လာပြီး..

" ယောက်ျားလည်း ကြွက်မကြောက်ရဘူးလို့
ဘယ်သူပြောလဲ..ကြောက်တာပေါ့ "

" ဟုတ်ပါပြီ..ကြောက်တာက ကြောက်ပါကွာ
နှုတ်ခမ်းကြီးလည်း မတရားမထော်ပါနဲ့ "

" ဟွင့်... "

" ဒီနေ့ ကိုယ်တို့ လျှောက်လည်ကြမယ်နော် "

" Hyung.. မနားတော့ဘူးလား ပင်ပန်းနေမှာ
ပေါ့.."

" Baby ပျင်းနေမှာစိုးလို့လေ "

သူတို့စကားပြောနေတုန်း ဒေါက်..ဒေါက် ဆို
ပြီး..ဟိုတယ်တံခါးခေါက်သံ..

" ဝင်ခဲ့ပါ "

ဝင်လာတဲ့သူက YongBae နဲ့ Dara..

Jiyong ရုတ်တရက် မျက်နာပျက်သွားပေမယ့်
ချက်ချင်းပဲ ဘာမှမဖြစ်သလို နေလိုက်တယ်..

" Annyeongasayo Sunbaenim "

တကယ်လှတာပဲ..အပြင်မှာပိုနုပြီး ပိုလှတယ်
Seungriက အရင်တုန်းက Kikoထက်စာရင်
Dara နဲ့ သဘောတူခဲ့တာ..ဟို သရဲမနဲ့ယှဉ်
ရင်တော့ Dara က လှလည်းလှတယ် ပိုပြီး
လိုက်တယ်ဆိုပြီး သဘောတူခဲ့ပေမယ့်..
အခုတော့ ရင်ထဲမှာ ဆို့နင်နင်ကြီး..

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now