13 (U)

281 17 0
                                    

Untitled 2014
Part 13

Contdown 98 days

Baby..ကိုယ့်ဘဝထဲက ထွက်သွားလိမ့်မယ်
လို့ ဘယ်တုန်းကမှမထင်ခ့ဲမိဘူး...

အခု ကိုယ့်ဆီမှာနေရတာ ပင်ပန်းတယ်တ့ဲ
လား..ကိုယ် တောင်းပန်ပါတယ်..
အမြဲတမ်း ကိုယ့်စိတ်တိုင်းကျပဲ မင်းအပေါ်ကို
အနိုင်နဲ့ဆက်ဆံခ့ဲမိတယ်..

မင်း နာကျင်ခ့ဲရတာပေါ့ ကလေးရယ်...
ကိုယ် မှားခ့ဲတယ်..

Jiyong သူ့ ဒိုင်ယာရီစာအုပ်လေးကို ပိတ်ရင်း
သက်ပြင်းချလိုက်မိတယ်

Top ဆီက ဖုန်းဝင်လာတာနဲ့..

" Hello.. Hyung "

" Jiyong ya..Seungri ဆေးရုံကဆင်းသွား
ပြီ..Japan ကို ပြန်မယ်ထင်တယ် ဒါနဲ့..Aori
ခေါက်ဆွဲဆိုင်က သူတို့မိသားစုပိုင်တာတ့ဲ.."

" ဟုတ်..ကျေးဇူးပဲ.. Hyung..ကျွန်တော်
YongBae နဲ့ လိုက်သွားတော့မလို့..စီစဉ်ထား
ပြီးသားပါ..တပ်ထဲမဝင်ခင်အထိ Japan မှာပဲ
နေတော့မှာ "

" CEO က.. "

" သူ မေးရင်အမှန်အတိုင်းပဲပြောလိုက်ပါ..
Seungri ကို ထပ်ပြသနာရှာရင် ကျွန်တော်
YG က ချက်ချင်းထွက်မှာလို့ပါ တခါတည်းသာ
ပြောလိုက်ပါတော့.. "

" Jiyong..မင်းတို့ချစ်တာကို နားလည်ပါတယ်
ထွက်မယ်ဆိုတာကြီးကတော့... "

" Hyung.. မတွေ့ရတော့ဘူးလို့ထင်တ့ဲ သူက
ကျွန်တော့ကို ပြန်ရှာတွေ့ပြီး လှမ်းခေါ်ခ့ဲတယ်
ဒါ ကျွန်တော့ကို သူထပ်ပေးလိုက်တ့ဲ အခွင့်
အရေးပါ ..နောက်ထပ်မရတော့ဘူး..ဒီတခါ
သူပျောက်သွားရင် ကျွန်တော်တို့တကယ်ဝေး
ကြရလိမ့်မယ် "

" အင်းပါ..မင်းစိတ်ဆန္ဒက ဒီလိုဆိုမှတော့.."

" ဖြစ်နိုင်ရင်..Hyung ကိုလည်းလိုက်ခ့ဲစေချင်
တယ်..Seungri က Hyung စကားဆိုရင်
သေချာနားထောင်တယ်မလား "

" အေးပါ..လိုက်ခ့ဲပေးပါ့မယ်.."

Contdown 97 days

Baby..အရင်က ကိုယ်တို့ဇာတ်လမ်းကို
ထားခ့ဲလိုက်ပြီး..မင်းဆီ စိတ်သစ် လူသစ်နဲ့
ပြန်လာခ့ဲမယ်..

တယောက်ကိုတယောက် ချစ်နေရဲ့နဲ့တော့
လက်မလွတ်နိုင်ဘူး

မင်း ကိုယ့်ဘဝထဲက ထွက်သွားမှတော့
ကိုယ်က မင်းဘဝထဲကို လိုက်လာရုံပဲပေါ့..

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now