Untitled 2014
Part 15တပတ်လောက် မထူးခြားခဲ့ဘူးလေ..
Jiyong က ထုံးစံအတိုင်း မနက်ကို Seungri
တို့ဆိုင်မှာ မနက်စာစားပြီး Seungri
ကျောင်းသွားရင် ဘေးကနေလိုက်တယ်..
ကျောင်းနားရောက်ရင် အော်ဟစ်ခံရပြီး ပြန်
လာရတာချည်း..သူပေးတဲ့ Daisy ပန်းစည်းတွေ..နေ့တိုင်း
လွှင့်ပစ်ခံရတာချည်းပဲ..Jiyong မှာ Seungri ဆီက အပြုံးလေး
တချက်တောင် မမြင်ရသေးပေမယ့်
အမြဲတမ်း ဘုဂလန့်တွေချည်း ပြောခံနေရပေ
မယ့် နေ့တိုင်းတွေ့ခွင့်လေးရနေတာကို
စိတ်ထဲက ပျော်နေမိတယ်..Countdown 88 days
Baby..အရင်ကတော့ မင်းကိုယ့်ကိုကြိုက်နေ
မှန်းသိရဲ့နဲ့ ချဉ်းကပ်ခဲ့ရတာကလည်း အရသာ
တမျိုးလေး..သဘောကျခဲ့တာ..အခု မင်း ကိုယ့်ကိုပြန်မချစ် ချစ်အောင်
ကြိုးစားနေရတာကလည်း ကိုယ့်ကိုရင်ခုန်
အောင် သက်သက်လုပ်နေသလိုပဲမင်းမှတ်ဥာဏ်ထဲက ပျော်စရာလေးတွေကို
ပြန်သတိရပြီး ပြန်ချစ်ပါတော့ ကလေးရယ်..မင်း အပြုံးလေးကို မြင်ချင်လှပြီ...
Jiyong သူ့ဒိုင်ယာရီစာအုပ်လေးကို ပိတ်
လိုက်ပြီး..သက်ပြင်းချလိုက်မိတယ်..ဒီနေ့ တနင်္ဂနွေနေ့မို့ ရုပ်ရှင်တူတူသွားကြည့်ရ
ရင် ကောင်းမှာပဲဆိုပြီး မနေ့ကတည်းက
ရုပ်ရှင်လတ်မှတ်ကို ကြိုဖြတ်ထားခဲ့တာ..မနက်စာ စားရင်းနဲ့ Seungri တို့ဆိုင်ကို
YongBae နဲ့ အတူတူထွက်လာခဲ့ကြတယ်..ဆိုင်ကိုရောက်တော့ Seungri မိဘတွေကို
နှုတ်ဆက်ပြီး..Seungri ကိုမေးတော့ အိပ်နေ
တုန်းတဲ့.." ဟိုလေ..ကျွန်တော် သူ့အခန်းထဲ ခဏဝင်
လို့ရမလားဟင် "Seungri မိဘတွေကလည်း Jiyong လို
နာမည်ကြီး အဆိုတော်တယောက်က သူတို့
သားနဲ့အဆင်ပြေအောင် အသည်းအသန်ကြိုး
စားနေတာ မြင်နေတော့ ငြင်းရမှာ သနားတာ
နဲ့ပဲ..ဝင်သွားခွင့်ပြုလိုက်တယ်..Seungri အမေက ဆိုင်ခန်းအပေါ်ထပ်ကို
ခေါ်သွားရင်း.." သား..Seungri လေးနဲ့ အခြေအနေဘယ်
လိုလဲ..မင်းကိုနေ့တိုင်း သူက အော်ဆဲနေ
တာမလား..အားနာလိုက်တာကွယ်.."