Untitled 2014
Part 10Countdown 100 days
Baby..ကိုယ် ၃ နှစ်လုံး..မင်းကို စောင့်ခ့ဲတယ်
ကိုယ့်ကိုယ်ကို Kwon Jiyong ပါလို့ ဖွင့်ပြော
ပြီး မင်းအတွက် Untitled 2014 သီချင်းကို
ရေးပြီး ဆိုပြခ့ဲတယ်..အမှန်တော့ အ့ဲသီချင်းက
ကိုယ့်မွေးနေ့ 18+8+1988 = 2014
မင်းမွေးနေ့ 12+12+1990 = 2014
ကိုယ်တို့ ဝေးခ့ဲကြတ့ဲနှစ်ကလည်း 2014
2014 က မင်းဘဝရော ကိုယ့်ဘဝရောကိုပါ
ကိုယ်စားပြုတယ်..မင်းရဲ့ကိုယ်ပိုင်ဘဝ မရှိတော့လောက်အောင်
ကိုယ့်ကိုပေးဆပ်ပြီး ချစ်ခ့ဲတ့ဲမင်းကိုဖော်ပြစရာ
ခေါင်းစဉ်ရှာမတွေ့နိုင်ခ့ဲဘူး..ဒီသီချင်းမှာ ခေါင်းစဉ်မရှိသလို ကိုယ့်ဘဝမှာ
လည်း မင်းမရှိခ့ဲဘူး...Untitled 2014
စာသားတိုင်းမှာ မင်းကို ပြောပြချင်တ့ဲ ကိုယ့်
စကားတွေပါတယ် Baby ရဲ့..
ကိုယ့်ရင်ထဲက ကြေကွဲမှုကို လူတွေအကုန်သိ
တယ်..မင်းမသိတာလား..ဘာလို့..ပြန်မလာခ့ဲ
တာလဲ..မင်း စိတ်ဆိုးနေတယ်ဆိုရင် ကို်ယ်
ချော့ပါ့မယ်ကိုယ့်ဆီပြန်လာပေးပါ ကလေးရယ်
ကိုယ် တောင်းပန်ပါတယ်..Jiyong သူ့ဒိုင်ယာရီစာအုပ်လေးကိုပိတ်လိုက်
ပြီး..သက်ပြင်းလေးချလိုက်မိတယ်..ခဏနေတော့ YongBae ရောက်လာပြီး..
" Jiyong..လေယာဉ်က နေ့လည်ထွက်မှာ..
ဒီက ဆေးရုံဆင်းပြီးတာနဲ့ တန်းသွားမယ် "" အေး..အေး "
YongBae ကတော့ ဆေးရုံဆင်းဖို့ ကိစ္စတွေ
လုပ်နေတာနဲ့ပဲ..သူ ခဏပြန်မှိန်းနေလိုက်တယ်ခန္ဓာကိုယ်က အားပြည့်လာပေမယ့်
စိတ်ဝိညာဉ်မှာ အသက်မရှိနေတ့ဲ သူ့ကို
ဘယ်လိုဆေးပေးပေး ထူးခြားမလာဘူးလေရက် ၁ရာပဲ အချိန်ရှိတော့တယ်
ဝင်လေထွက်လေရပ်သွားဖို့ မကြာတော့ပါဘူး
သိပ်မကြာတော့ဘူး.. Baby
ကိုယ် အရှုံးပေးလိုက်တော့မယ်
မင်းကိုရော ကိုယ့်ကိုယ်ကိုရော ဘဝကြီးကို
ရောပေါ့..ဆိုင်ဖွင့်ပွဲမှာ Seungriတယောက် အလုပ်ရှုပ်
နေတော့တယ်..ဧည့်သည့်တွေကို ဧည့်ခံရ
အရေးထဲ..ဦးလေးရဲ့သမီးနဲ့သားက မျောက်
တွေ..ဆိုင်ထဲပတ်ပြေးနေလို့ ဆွဲခေါ်ပြီး
Laptop ထဲက သီချင်းတွေဖွင့်ပြရသေးတယ်