Tears

533 31 3
                                    

Untitled 2014
Tears

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ GD မျက်နှာ
ကို တညလုံး တစိမ့်စိမ့်ငေးကြည့်နေမိတယ်..

Hyung.. ကံတရားက ထူးဆန်းလိုက်တာ
တသက်လုံး မနီးတော့ဘူးလို့ထင်ခဲ့တဲ့ Idol
ရဲ့ ရင်ခွင်ထဲကို ကျွန်တော်ရောက်နေရတယ်

တနေ့မှာ ဒီယောကျာ်းနဲ့ ဒီယောကျာ်းတို့..
ပျော်ရွှင်စွာ ပေါင်းဖက်ကြလေသတည်းဆိုတဲ့
ဇာတ်ညွှန်းမျိုး ကျွန်တော်တို့ဇာတ်လမ်းမှာ မရှိ
လာဘူးမလားဟင်..

တိုင်းသိပြည်သိ အနုပညာရှင်နဲ့ ဘာမဟုတ်
တဲ့ ကျောင်းသားတယောက်တို့ရဲ့ အချစ်ကို
တခြားသူတွေ ကြည်ဖြူပေးကြပါ့မလား..

ကျွန်တော့ကြောင့် Hyung အဝေဖန်ခံရတာ
မျိုး.. လူတကာ ရှုံ့ချကြမှာမျိုးတော့ အဖြစ်မခံ
နိုင်ပါဘူး..

Hyung က ချစ်တယ်ဆိုရင်တောင် ဒီအချစ်
ကလေ လူကြားထဲမှာ ခမ်းနားစွာ ချစ်ပြလို့ရ
မယ့်အချစ်မျိုး မဟုတ်ဘူးမလား..

Hyung လက်ကိုလေ သူများတွေရှေ့မှာ
ဘယ်တော့မှ တွဲခွင့်ရမှာမျိုး မဟုတ်တော့ဘူး..

သူငယ်ချင်းတွေပါ.. ပရိသတ်တယောက်ပါလို့
လိမ်ရအောင်လည်း..ကျွန်တော့ဘဝနဲ့
G Dragon ဆိုတဲ့ ဘဝက အဝေးကြီးမှာ..

Hyung မိဘတွေနဲ့..ဆွေမျိုးအသိုင်းအဝိုင်း..
YG နဲ့ YongBae Hyung တို့ကရော..
ကျွန်တော့ကို လက်ခံနိုင်မယ် မထင်ပါဘူး..

သူတို့က..သူတို့သိပ်တန်ဖိုးထားရတဲ့ Hyung
ကို ကျွန်တော့ရင်ခွင်မှာ ဘယ်ထားချင်ပါ့မလဲ
တဦးတည်းသော သားရဲ့ မျိုးဆက်ကို လိုချင်
ကြမှာပဲ..

VIP တွေကရော..နာကျင်ကြမှာ..ဝမ်းနည်း
ကြမှာ..သူတို့ Idol က Fanboy တယောက်
ကို ကြိုက်နေတယ်ဆိုတာ သိကြရင်..ဘယ်လို
တွေ တုန့်ပြန်ကြမလဲ..မတွေးရဲပါဘူး..

Hyung ရယ်.. စဉ်းစားကြည့်တော့လည်း..
ကျွန်တော်က မဖြစ်နိုင်တဲ့ လူသားကိုမှ ချစ်မိ
နေတာပါလား.. ဘယ်လိုလုပ်ရမလဲ Hyung

ကျွန်တော်တို့ မတွေ့ခဲ့သင့်ဘူး..စကားတွေ
မပြောခဲ့သင့်ဘူး..သဘောမကျခဲ့သင့်ဘူး..
ကျွန်တော် Hyung ကို မချစ်ခဲ့သင့်ဘူးလေ

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now