Final

1.1K 47 20
                                    

Untitled 2014
Final

" Hyung.. "

Seungri အိပ်ရာနိုးလာတော့ Jiyong ကို
မတွေ့တာနဲ့ပဲ လိုက်ရှာနေတယ်..

~ ဘယ်များသွားတာပါလိမ့်..

ဖုန်းခေါ်တယ်..ဖုန်းမကိုင်ဘူး..ကားကိုသွား
ကြည့်တော့ စီးနေကျလည်းမရှိဘူး
အပြင်ထွက်သွားတာပေါ့..

~ ငါ့ကိုမခေါ်ပဲ ဘယ်ကိုထွက်သွားတာတုန်း..
နောက်တပတ်ကိုပဲ တပ်ထဲဝင်ရမှာမို့ တူတူရှိ
နေချင်ပါတယ်ဆိုနေမှ

မီးဖိုချောင်မှာလည်း မနက်စာတွေပြင်ထားခဲ့
သေးတာမို့..Seungri မနက်စာစားရင်းဖုန်း
တွေ တရစပ်ခေါ်နေမိတယ်..

တပ်ထဲမဝင်ခင် နေ့တိုင်း ဘယ်သွားသွား
အတူတူရှိနေပါ့မယ်လို့ ပြောထားတာကို

Seungri နည်းနည်းတော့ မကြည်မလင်ဖြစ်
လာတယ်..ဘယ်တွေသွားနေပြန်တာလဲ..

YongBae Hyung ဆီ ဖုန်းဆက်တော့လည်း
မသိဘူးတဲ့..Top Hyung ဆီ ဖုန်းဆက်တော့
လည်း YG ကိုမလာဘူးတဲ့..

ပြန်လာမှာကို ထိုင်စောင့်ရင်း နေ့လည်တောင်
ရောက်လာပြီ

~ ဟာ...Kwon Jiyong ဘာလုပ်နေတာလဲ

Seungri အရမ်းကိုစိတ်တိုနေပြီ..ဘာမှအသိ
မပေးပဲ လုပ်ချင်ရာလုပ်တတ်တဲ့အကျင့်က
ပြန်ပေါ်လာပြန်ပြီ..

ခေါက်ဆွဲဆိုင်ကို ထွက်လာပြီး စာရင်းတွေ
ဘာတွေကြည့်နေတုန်း..ဖုန်းဝင်လာတယ်..
Jiyong ဆက်တယ်ထင်ပေမယ့် ဖုန်းနံပါတ်
အသစ်နဲ့..

" Hello.."

" Lee Seungri လား မသိဘူး "

" ဟုတ်ကဲ့..Lee Seungri ပါ "

" ဟုတ်ကဲ့..ကျွန်မတို့ကိုလေ Kwon Jiyong
က Service ပေးဖို့ ပြောထားလို့ပါ..Lee
Seungri အခု ဘယ်မှာလဲဟင် "

" ကျွန်တော်က ကျွန်တော့ခေါက်ဆွဲဆိုင်မှာ "

" အဲ့ဒါဆို ခဏစောင့်ပေးပါနော်..အခုလာခေါ်
နေပါပြီ "

" ဟုတ်..ဟုတ်ကဲ့ "

Seungri ကြောင်တောင်တောင်နဲ့ဖုန်းချလိုက်
ပြီး..Jiyong တယောက် ဘာတွေ surprise
လုပ်ဦးမလဲလို့တွေးနေမိတော့တယ်..

ခဏနေတော့ ဆိုင်ရှေ့မှာ Van တစီးလာရပ်
ပြီး..ကောင်မလေး ၂ ယောက်နဲ့ ကောင်လေး
၁ ယောက် ဆင်းလာတယ်..

Untitled 2014 (Completed) Zgyi+UniWhere stories live. Discover now