ဧကရာဇ်ရဲ့အချစ်တော်(Part-5)ဧကရာဇ္ရဲ့အခ်စ္ေတာ္

10.4K 831 18
                                    

"ဧကရာဇ်..ကိုယ်ရံတော်ရွှယ်ယန်ပါ.."

"၀င်ခဲ့.."

"ဧကရာဇ်ကိုအရိုအသေပြုပါတယ်.."

"အင်းး..စုံစမ်းတာအခြေအနေဘလိုရှိလဲ.."

"အဲ့ကိစ္စလျှောက်တင်မလို့ပါဧကရာဇ်..လုပ်ကြံသူတေသုံးတဲ့မြှားကသာမန်မြှားမျိုး မဟုပါဘူး.."

"ဘလိုမြှားမျိုးလဲ.."

"ဒီမှာပါ.."

ဧကရာဇ်၊ ရွှယ်ယန်ပေးတဲ့ မြှားကိုသေချာကြည့်လိုက်တော့
မြှားတံကအစသာမန်မဟုပေ။ ဈေးကြီးသည့်သစ်မွှေးပင်၏အသားနဲ့
ပြုလုပ်ထားပြီးမြှားခေါင်းရှိသတ္တုမှာလည်း တခြားမြှားခေါင်းတေလိုမဟုပဲ ကြာဖူးပုံစံထိပ်အချွန်ဖြစ်သည်။
မြှား၏အဆုံးပိုင်းတွင်တော့ဒေါင်း‌ေမွှးကို တပ်ဆင်ထားသည်။

"ဒီကောင်တေကသာမန်တော့မဟုဘူးပဲ..နောက်ခံလူကလျှော့တွက်လို့မရလောက်ဘူး.."

"လုပ်ကြံသူတေထဲကမ‌ေသသွားတဲ့
တယောက်ကို ဖမ်းမိထားပါသေးဝာယ်ဧကရာဇ်.."

"သွားမယ်.."

"မင်းတို့ဒီမှာပဲနေခဲ့.."

နောက်ကလိုက်လာတော့မည့်အထိန်းတော်တို့ကို ဧကရာဇ်မှဟန့်တားလိုက်သည်။

"မှန်လှပါ..ဧကရာဇ်.."

နန်းတော်၏မြေအောက်အကျဉ်းထောင်သို့ ဧကရာဇ်နှင့်ရွှယ်ယန်ဆင်းလာလေသည်။
ထိုမြေအောက်အကျဉ်းထောင်မှာ အမတ်တေပင်၀င်ချင်တိုင်း၀င်၍မရပေ။ဧကရာဇ်၏တော်၀င်အမိန့်ပြားပါမှသာ ၀င်နိုင်သည့်နေရာဖြစ်သည်။

အကျဉ်းထောင်၏အခန်းတခုထဲတွင် ဒဏ်ရာများနှင့်လဲကျနေသောလူသည်
ဧကရာဇ်အားမြင်သည်နှင့် ဒူးထောက်ကာရှိခိုးမတတ်တောင်းပန်လေသည်။

"ကျွန်..ကျွန်တော်မျိုး..အသက်ကိုချမ်းသာပေးပါ..ချမ်းသာပေးပါ..ဧကရာဇ်.."

"အဟက်..သေရမှာတော့ကြောက်တာပဲ။ဘာလို့ကိုယ့်အဆင့်ကိုယ်မသိ၊ငါကိုယ်တော်ကိုလုပ်ကြံရဲတာလဲ.."

"အဲ့..အဲ့တာ..ခိုင်းစေခံရတာပါ..ကျွန်တော်မျိုးတို့ကခိုင်းလို့လုပ်ပေးရယုံပါ.."

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now