ဧကရာဇ်ရဲ့အချစ်ဝောာ်(Part-31)ဧကရာဇ္ရဲ့အခ်စ္ေတာ္

5.9K 421 7
                                    

ဒီနေ့နဲ့ဆိုဝေ့ရင်းလာမတွေ့တာတစ်ရက်တောင် ကျော်သွားပြီ။နန်း‌ေဆာင်ကိုသွား‌ ေတွ့‌ေတာ့လည်း မတွေ့ချင်ဘူးဟုသာ ပြောလွှတ်သည်။မိမိသည်နိုင်ငံ့အရှင် ဆို‌ေပမဲ့ချစ်ရသူ၏စကားတစ်ခွန်းကို တစ်ချက်လွတ်အမိန့်လိုနာခံတတ်နေသည်လေ။ တစ်ရက်ကျော်..ဘယ်လောက်မှမကြာသေးတဲ့ ရက်ပိုင်းလေးဆိုပေမဲ့ ချစ်ရသူအဖို့တော့ ခံရခက်လွန်းသည်။ကြည့်ရတာတော့ ဟိုနေ့ကကိစ္စကိုစိတ်ဆိုးမပြေသေးပုံပင်။

ကိုယ့်အချစ်တွေကသူ့အတွက်ပဲရှိတယ်ဆိုတာ
မသိရော့လေသလား..ဒါမှမဟုတ် သူ့အပေါ်ထားတဲ့အချစ်တွေကပဲ မပြည့်စုံသေးတာလား။အမြန်စိတ်ဆိုးပြေ
ပါတော့ချစ်ရသူရယ်..မင်းကိုယ့်အပေါ်
အဲ့လုိလုပ်နေတာကိုယ့်ကမ္ဘာကြီး
ပျက်နေသလိုပဲ..

"ဟင်း.."

ဧကရာဇ်တွေးတောနေရင်းသက်ပြင်းချမိ
ပြန်သည်။ဘေးမှအထိန်းတော်ကြီးနှင့် ရွှယ်ယန်ကတော့သ၀ဏ်လွှာတွေကိုဖတ်ရင်း သက်ပြင်းပဲချနေသောဧကရာဇ်ကိုကြည့်ကာ ထူးဆန်းနေလေသည်။အရင်ကဆိုကိုယ်တိုင်ပင် အလုပ်လုပ်နေတုန်းသက်ပြင်းချဖို့မပြောနှင့် ဘေးကတစ်ယောက်ယောက်သက်ပြင်းချ
လျှင်ကိုတောင်အဆောင်တော်ထဲကထွက်သွား
ခိုင်းသည့်ဧကရာဇ်မဟုတ်ပါလား..

"ရွှယ်ယန်.."

"မှန်လှပါ..ဧကရာဇ်.."

"အစေခံအားချင်အခြေအနေဘယ်လိုရှိလဲ.."

"သူမအခုထိသတိပြန်မလည်လာသေး
ကြောင်းပါဧကရာဇ်.."

"အင်း..ဟို.ဝေ့ရင်းရော..
သူရောအဆင်ပြေရဲ့လား.."

ဝေ့ရင်းအကြောင်းမေးဖို့ကို တဟိုဟို ဖြစ်နေသောဧကရာဇ်ကိုရွှယ်ယန်ရယ်ချင်မိသည်။
တစ်ကယ်ကို‌ဝေ့ရင်းနဲ့ပတ်သက်လာရင် အကုန်ထူးဆန်းစွာပြုမူတတ်လာသော ဧကရာဇ်ရယ်ပါ..

"မိဖုရားဝေ့ကအားချင်ဆီနေ့လည်လောက်ဆို လာပြီးညနေပိုင်းလောက်ဆိုပြန်တတ်ပါတယ်။သူလည်းဘာမှမဖြစ်ပါဘူး.."

"အင်း..သူဘာမှမဖြစ်ရင် ပြီးတာပါပဲ
အဟွတ်..အဟွတ်..!!"

"ဧကရာဇ်..!အဆင်ပြေပါရဲ့လား.. သမားတော်ခေါ်ရမယ်"

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now