"အစ်ကိုရှင်းချန်.."
"ဟမ်..အင်းပြောလေ.."
"ဒီနေ့ရော..နန်းတော်ကိုမလိုက်ဘူးလား.."
"အင်းးမသိသေးဘူး..ငါလာချင်မှကိုယ့်ဘာသာ လာခဲ့မယ်။မင်းသွားနှင့်လေ.."
"ကျစ်..အစ်ကိုဘာဖြစ်နေတာလဲ..
ကျွန်တော့်ကိုကြည့်..!"ရွှယ်ယန်တစ်ယောက်သူ့ဘက်ကိုလှည့်မကြည့်ပဲ ပြောနေသောရှင်းချန်နားကိုသွားကာ ပုခုံးကိုဆွဲပြီးလှည့်လိုက်သည်။ရှင်းချန်ကတော့ ရုတ်တစ်ရပ်မို့လန့်သွားပေမဲ့ ရွှယ်ယန့်ကိုမကြည့်ပဲ ခေါင်းကြီးငုံ့ထားလေသည်။ရှင်းချန်သူ့အပေါ် အခုလိုလုပ်နေတာ ဖွင့်ပြောလိုက်သည့်နေ့ထဲကပင်။ လူကိုလည်းအမြဲရှောင်နေပြီး တွေ့ရင်လည်း စကားပြောဖို့နေနေသာသာ သေချာတောင်မကြည့်ပေ။
"ကျွန်တော့်ကိုကြည့်လို့ပြောနေတယ်..!!"
ရွှယ်ယန်အော်လိုက်တော့မှမဝံ့မရဲဖြင့် ပြန်မော့ကြည့်လာသည်။
"ဘာ.ဘာပြောစရာရှိလို့လဲ.."
"အစ်ကိုကျွန်တော့်ကိုဘာလို့ရှောင်နေတာလဲ.."
"ငါ.ငါမရှောင်ပါဘူး.."
"မလိမ်ပါနဲ့ဗျာ..ဘာလဲ..ကျွန်တော်ဟိုတနေ့က ဖွင့်ပြောလိုက်တာကြောင့်လား။ကျွန်တော့်ကို ယောက်ျားချင်းကြိုက်တဲ့ကောင်ဆိုပြီး အထင်သေးသွားတာလား..အပေါင်းအသင်း
မလုပ်ချင်တော့ဘူးလား..!""…………"
"အစ်ကိုကျွန်တော့်ကိုပြန်မချစ်လည်းရပါတယ်..ဒါပေမဲ့ဒီလိုကြီးတော့ဥပေက္ခာပြုမထားပါနဲ့လား"
"ငါ..ငါ.."
"ဟင်းးအစ်ကိုစိတ်ပျော်အောင်နေပါ..ကျွန်တော့်ကိုဂရုမစိုက်နဲ့။ကျွန်တော်သွားလိုက်ဦးမယ်.."
"ရွှယ်ယန်..!!"
ရွှယ်ယန်ရှင်းချန်ကိုလွှတ်ပြီး ပြန်ထွက်မယ်လုပ်တော့နောက်ကနေ ခါးကိုဖက်တွယ်လာတဲ့လက်တစ်စုံ..
"ငါ..ငါ..ငါလည်းမင်းကိုချစ်တယ်.."
ကြားလိုက်ရသည့်စကားကြောင့် ရွှယ်ယန်၀မ်းသာသွားသည်။ရှင်းချန်ရဲ့လက်ကိုပြန်ဖြည်ချကာ နောက်ကိုလှည့်ပြီး..
ВИ ЧИТАЄТЕ
ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ္ရဲ့အခ်စ္ေတာ္
ФанфікиStarted date=Jan 17, 2021 Ended date=April 2, 2021 ဟန်ဧကရာဇ်ကဘသူ့ကိုမှမငဲ့ညှာတတ်ဖူးတဲ့.!! ဘယ်သူမှလဲသူ့ကိုမချုပ်ကိုင်နိုင်ဘူး.!! သူ့ရဲ့အချစ်တော်လေးကလွဲလို့ပေါ့.. ဟန္ကရာဇ္ကဘသူ့ကိုမွမငဲ့ညွာတတ္ဖူးတဲံ.!! ဘဟ္သူမွလဲသူ့ကိုမထိန္းခ်ဳပ္နိုင္ဘူး.!! သူ့ရဲ့အခ်စ္ေ...