ဧကရာဇ်ရဲ့အချစ်တော်(Part-25)ဧကရာဇ္ရဲ့အခ်စ္ေတာ္

6K 470 18
                                    

"သခင်ကြီး..ဧည့်သည်တစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်"

"ဘယ်သူလဲ.."

"ကျွန်မပါအမတ်ကြီး..!"

"မိန်းကလေး..ဒီ‌ေနရာက၀င်ချင်း
တိုင်း၀င်လို့မရဘူး..!"

"အာ..ကြွပါ..မင်းထွက်သွားတော့.."

"ဟုတ်ကဲ့ပါသခင်ကြီး.."

သာမန်အဆင်အယင်ဖြင့် ၀န်းချုံလင်၏အိမ်သို့ ရောက်လာသောလီချင်းယန်။ငယ်သားများကတော့လီချင်းယန်ကို ဧကရီမှန်းမသိကြပေ..

"ထိုင်ပါဧကရီ..ရုတ်တစ်ရပ်ကြီးရောက်လာတော့ ကျွန်တော်မျိုးအိမ်တော်က ဧည့်၀တ်မကြေသလိုဖြစ်သွားပါတယ်.."

"မလိုပါဘူး..ကျွန်မပြောစရာရှိလို့လာရတာ.."

"ပြောပါဧကရီ.."

"ဒါနဲ့..ဒီလူကဘာလို့မထွက်သွားတာလဲ.."

လီချင်းယန် အခန်းထောင့်နားမှာရပ်နေတဲ့ လူဆီကိုအကြည့်ရောက်သွားတာကြောင့် မေးလိုက်သည်။

"သူကကျွန်တော်မျိုးရဲ့လူယုံ‌စူးရှဲ့ပါ..သူကဘာမှမဖြစ်ပါဘူး။ယုံကြည်လို့ရပါတယ်ဧကရီ.."

"ကောင်းပြီလေ..ကျွန်မသိချင်တာရှိတယ်။ရှင့်ရဲ့အကြံအစည်ကဘယ်တော့စမှာလဲ.."

"ဧကရီကဘာလို့မေးတာပါလဲ..ကျွန်တော်မျိုးကိုမယုံကြည်လို့ပါလား.."

"ကျွန်မမေးတာကိုသာဖြေစမ်းပါ..ကျွန်မဝေ့ဝူရှန့်ကိုသည်းမခံနိုင်တော့ဘူး.."

"ဧကရီကမိဖုရားဝေ့ကိုရှင်းချင်နေပြီထင်တယ်..
မလောပါနဲ့ဧကရီ။မိဖုရားဝေ့သာ အရှင်းခံလိုက်ရရင် ဧကရာဇ်ကငြိမ်နေမယ် ထင်လို့လား..ကျွန်တော်မျိုးအကြံအစည်သာအောင်မြင်ရင် ဧကရာဇ်က ဧကရီရဲ့အပိုင်ဖြစ်လာမှာပဲလေ။အလုပ်နဲ့ခံစားချက်ကိုမရောထွေးပစ်ပါနဲ့ဧကရီ။ကျွန်တော်မျိုးရဲ့အကြံတွေကိုမပျက်ဆီးချင်ဘူး"

"တောက်..!မင်းကကျွန်မကိုကတိဖျက်တာလား။သဘောတူခဲ့တုန်းကဝေ့ဝူရှန့်ကို
ငါ့သဘောတိုင်းပါဆို.."

"ကျွန်တော်မျိုးပြောတာက နန်းသိမ်းပြီးမှပါ..အခုမဟုတ်ဘူး.။တစ်ကယ်လို့ဧကရီကဇွတ်လုပ်မယ်ဆိုရင် ကျွန်တော်မျိုးကလည်းငြိမ်နေမှာမဟုတ်ပါဘူး."

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Where stories live. Discover now