ဧကရာဇ်ရဲ့အချစ်တော်(Part-19)ဧကရာဇ္ရဲ့အခ်စ္ေတာ္

6.7K 525 21
                                    

"အစ်ကိုရှင်းချန်..လာ..ဆေးသောက်ရမယ်.."

"ရွှယ်ယန်..မင်းနန်းတွင်းမ၀င်တာဘယ်နှစ်ရက်
ရှိနေပြီလဲ။ကိုယ်ရံတော်ဖြစ်ပြီး အဲ့လိုပစ်ထားလို့ရလား.."

အနားကတစ်ဖဝါးမှမခွာသောရွှယ်ယန့်ကို ရှင်းချန်မနေနိုင်ပဲပြောရတော့သည်။
ဒဏ်ရာကမပျောက်သေးပေမဲ့အရမ်းမစိုးရိမ်ရတော့တာကြောင့် နန်းတော်ကိုသွားခိုင်းပေမဲ့ ရွှယ်ယန်ကတော့မသွားပဲ
တင်းခံနေလေသည်။

"ကျွန်တော်ဧကရာဇ်ကိုပြောပြထားပါတယ် ပြီးတော့ကိုယ်ရံတော်ကကျွန်တော်တစ်ယောက်ပဲရှိတာမဟုတ်ဘူးလေ။ဧကရာဇ်က
ကျွန်တော့်ထက်တောင်တော်ပါသေးတယ်။"

"အင်းပါ..ညီလေးဝေ့နဲ့မတွေ့ရတာတောင်ကြာပြီ..ရွှယ်ယန်..ငါတို့သွားတွေ့ရအောင်လား.."

"နေစမ်းပါ..ကိုယ့်ဟာကိုယ်အရင်နေကောင်း
အောင်လုပ်။အခုသွားလည်းဧကရာဇ်တို့မရှိဘူး.."

"ဟင်..ဘယ်သွားလို့လဲ..မရှိရအောင်"

"မိဖုရားဝေ့ကသူ့နေအိမ်ကိုခနပြန်တယ်။ဧကရာဇ်လည်းလိုက်သွားတယ်.."

"အော်..အဲ့တာဆိုငါတို့သူ့အိမ်ကိုလိုက်သွား.."

"ရှောင်ရှင်းချန်...ဆေးလေးသောက်ပြီး ပြန်အိပ်လိုက်နော်.ဟင်း..ဟင်း..!"

ဆေးတစ်ခါသောက်ဖို့အရေးစကားတွေများ နေသည့်ရှင်းချန်အားရွှယ်ယန်စိတ်မရှည်သည့် လေသံဖြင့် ပြောလိုက်တော့မှ ငြိမ်ပြီးဆေးယူသောက်လေသည်။

"အော်..ရွှယ်ယန်..!ဟိုနေ့က..လူတွေဘယ်လိုဖြစ်သွားလဲ.."

"အစ်ကို့ကိုသတ်တဲ့ကောင်တွေလား..အဟက်..သေပြီပေါ့.."

"ဟမ်..!သေပြီလား..မဖြစ်ဘူးလေ.."

"ဘာလို့မဖြစ်တာလဲ..!အဲ့နေ့ကအစ်ကိုဒဏ်ရာရထားလို့ သူတို့ကိုအချိန်မပေးနိုင်တော့လို့ တစ်ခါထဲသတ်ပစ်လိုက်တာ။မဟုတ်ရင်အဲ့ကောင်တွေကိုချက်ချင်းမသတ်ဘူး
ဖမ်းပြီးသေတာထက်ဆိုးအောင်ခံစားစေဦးမှာ.."

ရုတ်တစ်ရပ်ကြီးမျက်လုံးတွေနီရဲကာ ကြောက်ဖို့ကောင်းလာသောရွှယ်ယန်ကြောင့် ရှင်းချန်စကားပြန်ပြောင်းဖို့ပြင်လိုက်သည်။

ဧကရာဇ်ရဲ့အချစ်တော်{U+Z}ဧကရာဇ်ရဲ့အချစ်တော်Место, где живут истории. Откройте их для себя